26 April 2024

မင်မင်ကတော့ ဝေါ့ပါမစ်ကတ်မာ သွားထုတ်လာခဲ့ပါပြီ
.
ဘိုင်အနုမတ် ပြလိုက်ရုံပါပဲ (တခြား ဘာမှ မလိုပါဘူး)
ပိုက်ဆံ တပြားတချပ်မှလည်း ပေးစရာ မလိုပါဘူး။
.
ကိုယ်​နေထိုင်လုပ်ကိုင်တဲ့ ကျတ်ဟားငန်ရုံးမှာ သွားထုတ်ရပါတယ်။
.
သူ​ဌေး​ပြောင်းထားတဲ့သူ​တွေ သူ​ဌေး​ဟောင်းနာမည်ထွက်ပါတယ်။ အဲဒါ​ကြောင့် သူ​ဌေး​ပြောင်းထားတဲ့စာရွက်နဲ့ တွဲကိုင်ထားရမှာ ဖြစ်ပါတယ်။
.
သူ​ဌေး​ပြောင်းထားတဲ့သူ​တွေ သူ​ဌေး​ဟောင်းအလုပ်​နေရာရဲ့ ကျဟာငန်းရုံးမှာ ပြန်ထုတ်ရပါတယ်။
.
ကာယကံရှင် ကိုယ်တိုင် လက်ခံရရှိကြောင်း လက်မှတ်ထိုး ရပါတယ်။
.
သူ​ဌေးလိုက်စရာမလိုပါဘူး သူ​ဌေးအ​ထောက်အထားမလိုဘူး။ အလုပ်သမားကိုယ်တိုင် သွားထုတ်လို့ရပါတယ်။
.
ဘိုင်အနုမတ်စာရွက်ကို ကျဟားငန်က သိမ်းလိုက်ပါတယ်။
.
မှတ်ချက်: ဘိုင်အနုမတ်စာရွက်နဲ့ ၁၉၀၀/၁၀၀၀ ​ငွေ​ချေ​ပြေစာကို မိတ္တူ ၁ စုံ သိမ်းထားကြပါ။ ​ဝေါ့ပါမစ်ကတ်မာ ​ပျောက်ဆုံးခဲ့ရင် ဒီအ​ထောက်အထား​တွေနဲ့ပြန်ထုတ်ရမှာ ဖြစ်ပါတယ်။
.
​ဝေါ့ပါမစ်ကတ်မာ ကိုလည်း မိတ္တူ ၁ စုံသိမ်းထားကြပါ
.

SHARE THIS NEWS

OTHER NEWS