28 April 2024

လာမယ့်နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လွိုင်ကထုန်ပွဲတော်အတွက် ထိုင်းအစိုးရက ကိုဗစ် စည်းကမ်းချက်တွေ သတ်မှတ်ထားပြီး လွိုင်ကထုန်ပွဲတော်ကို သွားရောက်လည်ပတ်ကြတဲ့သူတွေကို အခုလိုကိုဗစ်ကာလမှာ ကိုဗစ်စည်းကမ်းချက် အတိုင်းလိုက်နာကြဖို့ ထိုင်းအစိုးရက မေတ္တာရပ်ခံ ထားပါတယ်။

 

အစဉ်အလာအရ နှစ်စဉ်ကျင်းပလာတဲ့ လွိုင်ကထုန် ပွဲတော်ကို ဖြစ်မြောက်ရေးအတွက် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့စည်းကမ်းချက်များနှင့် အညီ ကျင်းပဖို့ စဉ်းစားစီစဉ်ခဲ့တာပါ။

 

လွိုင်ကထုန်ပွဲတော်ဖြစ်မြောက်ရေးအတွက်ထိုင်းအစိုးရက ပွဲစီစဉ်သူများကို အလိုလိုစည်းကမ်းချက်တွေသတ်မှတ်ထားပါတယ်။

– လွိုင်ကထုန်ပွဲတော်အဝင်ဝတွင်အပူချိန်တိုင်းတာသည့်စက်ထားရှိရမည်။

– လက်ဆေးရန်နေရာထားရှိပေးထားရမည်။

– ပွဲကျင်းပပြီးနောက်အသုံးပြုထားပြီးသည့်ပစ္စည်းများကိုသေချာသန့်စင်ဆေးကြောရမည်။

– ဖျော်ဖြေပွဲများရှိပါကလူချိန်းချိန်တွင်သန့်ရှင်းရေးပြုလုပ်ရမည်။

– အိမ်သာများကို ၁- ၂ နာရီအတွင်းသန့်ရှင်းရေးတစ်ခါလုပ်ရမည်။

 

လာရောက်လည်ပတ်သူတွေကိုတော့ပွဲတော်အတွင်းဝင်ရောက်လည်ပတ်မယ်ဆိုရင်အခုလိုစည်းကမ်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။

– သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ရန်အတွက် မိသားစု ၁ စု၊ အဖွဲ့အစည်း ၁ ခုမှာ မီးဖောင်တစ်ခုသာ မျှောကြရန်လှုံ့ဆော်ထားသည်။

– ပွဲတော်တွင်းသတ်မှတ်ထားတဲ့စည်းကမ်းချက်များကိုလိုက်နာဆောင်ရွက်ရမည်။

– ပွဲတော်အတွင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်းလည်ပတ်ရမည်။

– အဖျားတိုင်းတာခြင်း လက်ဆေးခြင်းစတဲ့ အချက်များကိုအစဉ်လိုက်နာရမည်။

– ဖောင်ဖြည့်ရန်နေရာများတွင်ထားရှိပေးထားတဲ့ QR CODE ဖတ်ပြီးစာရင်းသွင်းရမည်။

– ပွဲတော်တစ်လျှောက် social distancing စည်းကမ်းချက်ကိုလိုက်နာဆောင်ရွက်ရမည်။

– ဖျော်ဖြေရေးပွဲများကြည့်ရှုရာတွင်အကွာအဝေးတစ်ခုခြားပြီးကြည့်ရှုရမည်။

ထပ်မံပြီးထိုင်းအစိုးရက လွိုင်ကထုန်ပွဲတော်ရက်တွင် မီးရှုးမီးပန်းများ မဖောက်ကြရန်နှင့် အရက်ကင်းစင်တဲ့ ပွဲတော်တစ်ရပ်ဖြစ်ဖို့ တိုက်တွန်းထားပါတယ်။

SHARE THIS NEWS

OTHER NEWS