13 May 2024

——————–

အောက်တိုဘာ ၅ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံတွင် ဒေသအလိုက်မိုးဆက်လက်ရွာသွန်းဖွယ်ရှိ! နေရာကွက်ကြားမိုးကြီးနိုင်

 

အောက်တိုဘာ ၅ ရက်နေ့ ထိုင်းနိုင်ငံမိုးလေဝသထုတ်ပြန်သတိပေးချက်ထဲမှာ ၂၄ နာရီအတောအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါတယ်။ ထိုကြောင့် ထိုင်းနိုင်ငံနှင့် ထိုင်းပင်လယ်ကွေ့ တွေမှာမုတ်သုံလေအားကောင်းလာဖွယ်ဖြစ်လာနိုင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းဖွယ်ရာရှိလာနိုင်ကြောင်း မိုးဇလဌာနကသတိပေးထုတ်ပြန်ထားပါတယ်။

 

ထိုပြင် အောက်တိုဘာ ၅-၁၀ ရက်နေ့အတွင်း တောင်တရုတ်ပင်လယ်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းကြောင့် မိုးပိုမိုအားကောင်းလာနိုင်ပါတယ်။ ထိုကြောင့်မိုးလေဝသခန့်မှန်းချက်ကိုအနီးကပ်စောင့်ကြည့်ရန်လိုပါတယ်။

 

ထိုင်းနိုင်ငံရဲ့ မိုးလေဝသခန့်မှန်းချက်မှာ ဒီကနေ့ ၆ နာရီကနေ နောက်နေ့နံနက် ၆ နာရီအထိ

 

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ မဲ့ဟောင်းဆောင်၊ ချင်းမိုင်၊ လန်းပွန်း၊ လန်းပန်းနှင့်တာ့ခ်ခရိုင်များမှာ မိုးရွာရန်ရာနှုန်း ၃၀ ရှိပါတယ်။

 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသ ချိုင်ယဖူး၊ ခွန်ကင်၊ နခွန်ရာ့ချ်စီမာ၊ ဘူရီရန်၊ စူရင်၊ စီစကက်နှင့်အုဘွန်ရာ့ချ်ဌာနီတွေမှာ မိုးရွာရန်ရာနှုန်း ၃၀ ရှိပါတယ်။

 

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ အုထိုင်ဌာနီ၊ လွတ်ဘူရီ၊ စလဘူရီ၊ ကန်ကျနဘူရီ၊ ရာ့ချ်ဘူရီနှင့်နခွန်ပထုံတွေမှာ မိုးရွာရန်ရာနှုန်း ၃၀ ရှိပါတယ်။

 

ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသမှာ မိုးရွာရန်ရာနှုန်း ၄၀၊ တောင်းပိုင်း(အရှေ့ပိုင်း) ဒေသမှာ မိုးရွာရန်ရာနှုန်း ၆၀ နှင့် တောင်ပိုင်းဒေသများမှာ မိုးရွာရန်ရာနှုန်း ၄၀ ရှိလာနိုင်ပြီး ဗန်ကောက်နဲ့နီးနားခရိုင်တွေမှာတော့ မိုးရွာရန်ရာနှုန်း ၄၀ အထိရှိလာနိုင်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ Ref: ထိုင်ရတ်

SHARE THIS NEWS

OTHER NEWS