9 May 2024

,

လူငယ်အဆိုရှင်တစ်ဦးဖြစ်တဲ့ Ble Patumrach ဟာ ပြိုင်ပွဲတွေမှာ vote စနစ်နဲ့ ဆုံးဖြတ်ပြီး ပေးတဲ့ဆုတွေဟာ မဖြစ်သင့်ကြောင်းဖွင့်ဟပြောဆိုခဲ့ပါတယ်။ အနုပညာ အရေအသွေးဟာ အရေအသွေးအစစ်အမှန်ကို ကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်တယ်လို့သူကဆိုပါတယ်။ 

“ကျွန်တော့်အနေနဲ့ ငွေသုံးပြီး vote လုပ်ရတဲ့ အမှတ်ခွဲဆုံးဖြတ်တဲ့ ဆုတွေကို မရယူလိုကြောင်း ဒီနေရာက အသိပေးလိုက်ပါတယ်။ ကျွန်တော်တို့လိုအနုပညာ သမားအစစ်တွေအတွက် ဆုတွေမလိုပါဘူး” လို့၎င်းကရေးသား ခဲ့တာပါ။ 

ဆုတွေကို ဘယ်သူရသင့်မရသင့်က ဒိုင်တွေက ဆုံးဖြတ်ပြီးပါပြီ ဒိုင်တွေမှာ ဆုံးဖြတ်နိုင်တဲ အရေအချင်းတွေရှိကြ ပါတယ်။ အဲဒါကြောင့် vote စနစ်ဟာ မလိုအပ်တော့ကြောင်းကိုသူ့အနေနဲ့မြင်မိကြောင်း ထပ်ပြောပါတယ်။ 

Vote များမှဆုရမယ်ဆိုရင် အခုလိုခေတ်ကာလကြီးမှာပရိသတ်တွေကိုသနားမိတယ်။ ၄-၅ ဘတ်လဲ ပိုက်ဆံပါပဲ။ ကျွန်တော်လိုချင်တဲ့ဆုက အောင်မြင်ခြင်း ပရိသတ်တွေစိတ်ရင်းအမှန် နဲ့ပေးချင်ရင် ငွေမဟုတ်ဘဲနဲ့ စိတ်ခံစားချက်အစစ်မှန်ကို ပေးတာကိုလိုချင်တယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား ဆိုပြီး ပရိတ်သတ်တွေကို ပြောခဲ့ပါတယ်။

အဲ့ဒီ post ကို ပရိသတ်တွေက share ပြီးငွေလက်မခံတာကို ကြိုက်နှစ်သက် ကြပြီး ဂုဏ်ပြုစကားများ ပြောဆိုကြပါတယ်။

SHARE THIS NEWS

OTHER NEWS