10 May 2024

ဝါဆိုလပြည့်နေ့မှာ တွေ့ရတဲ့ ခိုရတ်ခရိုင်က ဖယောင်းပန်းပုရုပ်လုံးရုပ်ကြွ
.
ဩဂုတ် ၁ ရက်၊ ၂၀၂၃
.
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဝါဝင်တဲ့အခါ ထီယန်ဖန်စားလို့ခေါ်တဲ့ ဝါဝင်ဖယောင်းတိုင်ကြီးတွေကို သွန်းလုပ်ပြီး ဘုန်းကြီးကျောင်းကို လှူဒါန်းကြပါတယ်။
.
ဒီယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အီစာန်ဒေသလို့လူသိများတဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရဲ့ထူးခြားချက်ကတော့ သာမန်ဖယောင်းတိုင်ကြီးတွေမဟုတ်ဘဲ လက်ရာမြောက်တဲ့ ဖယောင်းပန်းပုရုပ်လုံးရုပ်ကြွတွေကို ဖန်တီးပြီး ဘုန်းကြီးကျောင်းကို လှူဒါန်းတာဖြစ်ပါတယ်။
.
ပုံမှာမြင်တွေ့ရတာကတော့ ခိုရတ်လို့လူသိများတဲ့ နခေါ်ရတ်ချစီးမာခရိုင်ရဲ့ ဖယောင်းပန်းပုလက်ရာ ဖြစ်ပါတယ်။
.
တမူကွဲပြားတဲ့ ဒီယဉ်ကျေးမှုဟာ အီစာန်ဒေသရဲ့ခရီးသွားလုပ်ငန်းကိုလည်း များစွာအထောက်အကူပြုပါတယ်။
.
.
.
.

SHARE THIS NEWS

OTHER NEWS