4 May 2024

,

အောက်တိုဘာ ၁၂၊ ၂၀၂၁

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ယူနိုက်တက်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုဖြစ်တဲ့ (PIF) က ကလပ်အသင်းရဲ့ ရှယ်ယာ ၈၀ရာခိုင်နှုန်းကို ပေါင်သန်း ၃၀၀နဲ့ အပြီးသတ်ဝယ်ယူနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းကိုဝယ်ယူဖို့အတွက် ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုဟာ ကာလကြာရှည်ဆွေးနွေး ခဲ့ရပြီး နောက်ဆုံးမှာတော့ အပြီးသတ်လွှဲပြောင်းယူဖို့အတွက် ပရီးမီးယားလိဂ်က သဘောတူညီခဲ့တာ ဖြစ်ပြီး အရောင်းအဝယ်အဆုံးသတ်ပြီးမြောက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုဟာ နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်အသစ်ဖြစ်လာမှာဖြစ်ပြီးတော့ဆော်ဒီအစိုးရနဲ့မသက်ဆိုင်တဲ့အကြောင်းကိုလည်းအာမခံခဲ့ပါတယ်။ ဒါကြောင့် နယူးကာဆယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ ငွေကိုရေလိုသုံးနိုင်မယ့် ကလပ်အသင်းတစ်သင်းဖြစ်လာဖွယ်ရှိနေ ပါတယ်။

ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု (PIF) ရဲ့ ကြွယ်ဝမှုက မန်စီးတီးအသင်းသူဌေးဖြစ်တဲ့ရှိတ်မန်ဆော်ထက် အဆ ၂၀ လောက်ပိုမိုချမ်းသာပြီးတော့ ပေါင် ၃၂၀ ဘီလျံခန့်ချမ်းသာကြွယ်ဝတာဖြစ်ပါတယ်။

၂၃ နှစ်ကြာတန်းဆင်းခဲ့တဲ့နောက် တန်းပြန်တက်နိုင်ခဲ့တဲ့ တောဘုရင် နော်တင်ဟမ် ဖောရက်စ်
၂၃ နှစ်ကြာတန်းဆင်းခဲ့တဲ့နောက် တန်းပြန်တက်နိုင်ခဲ့တဲ့ တောဘုရင် နော်တင်ဟမ် ဖောရ

SHARE THIS NEWS

OTHER NEWS