7 May 2024

ဘန်ကောက်မြို့တွင်းမှာ နေထိုင်တဲ့ ကုတင်အိပ်လူနာ၊ သက်ကြီးရွယ်အိုနှင့် သွားလာရအခက်အခဲရှိသည့် အနီရောင်နယ်မြေအဆင့်မှ ပြည်သူတွေကို မိုဘိုင်းကားဖြင့်ကာကွယ်ဆေးထိုးနှံပေးမယ့်အစီအစဉ်ကို ဘန်‌ကောက်အစိုးရက အကောင်အထည်ဖေါ်ခဲ့ပါတယ်။

မိုဘိုင်းကားအသုံးပြုပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမယ့် အစီစဉ်ကို လာမယ့်အပတ်မှာ စတင်သွားမှာဖြစ် ကြောင်း ဩဂုတ်လ ၂၅ ရက်နေ့က ဘန်ကောက်မြို့ရဲ့ပြောရေးဆိုခွင့်ရှိသူ Earth Pongsakorn Kwanmuang က မီဒီယာမှာထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်

 

 

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမယ့် မိုဘိုင်းကားအတွင်းမှာ ကာကွယ်ဆေးထိုးပေးနေတဲ့စင်တာတွေနဲ့ နည်းတူ သွေးပေါင်တိုင်းတာတဲ့စက်၊ အဖျားတိုင်းစက်၊ ကာကွယ်ဆေးသိမ်းဆည်းရန် ရေခဲသေတ္တာ အရေးပေါ်ကုသရန် ဆေးပစ္စည်းနှင့် ဆေးဝါးများ နှလုံးနိုးဆွစက်(AED) အစရှိတဲ့ ဆေးပစ္စည်းတွေကို ထားရှိပေးထားလျက်ရှိပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် မိုဘိုင်းကားကို တရုတ်၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံများမှာ အရင်အသုံးပြုခဲ့တာဖြစ်ပြီး ဘန်ကောက်အစိုးရက ကိုဗစ်ကာလမှာ အားလပ်နေတဲ့ လိုင်းကားအချို့ကို ပြောင်းလဲစီစဉ်ခဲ့တာပါ။ မိုဘိုင်းကားဖြင့် ကာကွယ်ဆေးထိုးနှံပေးမယ့်အစီအစဉ်ကို လာမယ့်အပတ်မှာ စတင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

 

 

 

အိမ်တိုင်ယာရောက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမယ့်အစီအစဉ်ကို ဘန်ကောက်အစိုးရကစီစဉ်လျက်ရှိသလို ကျေးလတ်ဆရာဝန်များအဖွဲ့ကလည်း ကိုဗစ်ကူးစက်နှုန်းလျော့ကျစေရန် ဘန်ကောက်မြို့တွင်း တစ်မြို့ဝင် တစ်မြို့ထွက် ကိုဗစ်လိုက်လံစစ်ပေးနေပြီး ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာများကိုလည်း သီးခြားခွဲပြီးကုသခြင်း home isolation စနစ်ဖြင့်ဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။

 

SHARE THIS NEWS

OTHER NEWS