6 May 2024

—————————-

အောက်တိုဘာ ၉ ရက်၊ ၂၀၂၁

 

အခန်းဖောက်ထွင်းခံရပြီး ပစ္စည်းတွေအခိုးခံလိုက်တဲ့မြန်မာလင်မယားနှစ်ဦီး!

 

အလုပ်ကနေပြန်လာချိန် အခန်းတခါးလဲဖွင့်ထားတယ်။ အခန်းထဲကိုရောက်လာတော့ ပစ္စည်းတွေရှုပ်ပွနေအောင်ရှာဖွေထားပြီး တန်ဘိုးရှိပစ္စည်းတွေအပြင် ပတ်စပို့စာအုပ်တွေပါ အခိုးခံလိုက်ရပါတယ်။

 

 

အခင်းဖြစ်ပွားတဲ့နေရာက ထိုင်းနိုင်ငံ နောင်အင်လူးကျေးရွာအုပ်စု၊ ဘန်ဘူးမြို့နယ် ချွန်ဘူရီခရိုင်အတွင်းမှာ အလုပ်လုပ်နေတဲ့မြန်မာလင်မယားနှစ်ဦိးရဲ့အခန်းထဲကပစ္စည်းတွေ အလုပ်သွားနေတုန်း ပိတ်ထားတဲ့အခန်းကို ရိုက်ဖြုတ်ပြီး အခန်းထဲကပစ္စည်းတွေ အခိုးခံလိုက်ရတာဖြစ်ပါတယ်။

 

“ကျမ ၇ နာရီ ၄၅ မီနစ်လောက်က အလုပ်သွားပါတယ်။ ညနေ ၄ နာရီ ၄၅ မီနစ်အချိန်မှာ အခန်းပြန်လာပါတယ်။ အခန်းနားလဲရောက်တော့ တံခါးကဖွင့်ထားတာတွေ့လိုက်တယ်။ အခန်းထဲမှာလဲ ရှုပ်ပွနေအောင် ပစ္စည်းတွေရှာဖွေသွားပြီး။ စုဆောင်းထားတဲ့ ရွှေ ၂ ကျပ်သား ထိုင်းဘတ်ငွေ ၁၅၀၀၀ ကျော်နဲ့ ပတ်စပို့စာအုပ်တွေအခိုးခံလိုက်ရတယ်” လို့ ကာယကံရှိဖြစ်တဲ့မြန်မာလုပ်သား မရီရီစန်းက ပြောပါတယ်။

 

 

အခင်းနေရာကို ဘန်ဘူးမြို့နယ် ရဲစခန်းကအာဏာပိုင်တွေရောက်လာပြီး မှတ်တမ်းတွေယူကာပစ္စည်းခိုးသွားတဲ့သူကို ရှာဖွေဖမ်းဆီးဖို့ဆက်လက်ဆောင်ရွက်သွားမှာပါ။

 

မရီရီစန်းကရဲတွေကိုပြောတာကတော့ “လူကြီးမင်းတို့ရှင် ကျမကပစ္စည်းထက် ပတ်စပို့စာအုပ်ကိုအမြန်ပြန်လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကာလမှာ ပတ်စပို့ပြန်လုပ်ဖို့မလွယ်တဲ့ကိစ္စပါ။ အဲဒါကြောင့်စာအုပ်က ကျမတို့ရဲ့အသက်ပါပဲ” လို့လက်အုပ်ချီအကူညီတောင်းဆိုခဲ့ပါတယ်။

 

ကိုချစ် ဇွဲကပင် မြေ Ref: เพื่อนข่าวเรารักกันชลบุรี Photo: เพื่อนข่าวเรารักกันชลบุรี

SHARE THIS NEWS

OTHER NEWS