4 May 2024

,

နည်းပြသစ်ရှာပုံတော်ဖွင့်နေတဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးက တန်းတက် နောဝှစ် စီးတီးအသင်းဟာ နည်းပြနေရာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖရန့် လန်းပတ် နဲ့တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

လန်းပတ်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဘရန်းဖို့ဒ်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ရာသီပထမနိုင်ပွဲကိုစွမ်းဆောင်နိုင်တဲ့အပြီးမှာ နည်းပြနေရာကနေဖယ်ရှားခံလိုက်ရတဲ့ ဒါနယ် ဖာခေးနေရာကိုအစားထိုးဖို့ရေပန်းအစားဆုံး နည်းပြတစ်ဦးဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါလကတည်းက ချယ်ဆီးအသင်းရဲ့လမ်းခွဲလိုက်တဲ့နောက် အသင်းလက်မဲ့ဖြစ်နေတဲ့ လန်းပတ်ဟာ လွန်ခဲ့တဲ့တနင်္လာနေ့တုန်းက နောဝှစ်အသင်းနဲ့ဆွေးနွေးမှုရှိခဲ့တယ်လို့ အင်္ဂလန် နာမည်ကြီး The Guardian ဂျာနယ်ဖော်ပြထားပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းကြီးဟာ ကနေရီတပ်ကိုကိုင်တွယ်ဖို့ဆုံးဖြတ်ချက်မချရသေးဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့တွေ့ဆုံမှုမှာ အလုပ်တွဲလုပ်ဖို့အသေးစိတ်အချက်အလက်တွေ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မည်သို့ဆိုစေ ယခုရာသီမှာ ၅ မှတ်သာစွမ်းဆောင်ထားနိုင်တဲ့ အမှတ်ပေးဇယားအောက်ဆုံးက ကနေရီတပ်ဟာ လက်ရွှေးစင်ပွဲစဉ်တွေအပြီးဆောက်သမ်ပတန်အသင်းကိုအိမ်ကွင်းမှာလက်ခံ ကစားရမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ပွဲစဉ်အမီအမီနည်းပြသစ်ရှာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS