26 April 2024

နှာခေါင်းမှရှူရှိုက်ရသည့် ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဟူနန်ပြည်နည်၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲတစ်ခုတွင် တရုတ် ကုမ္ပဏီတစ်ခုက မိတ်ဆက်။

 

တရုတ်တပ်မတော်ကူးစက်ရောဂါအဖွဲ့နှင့်ကန်ဆိုင်နို ဘိုင်အိုလိုဂျစ်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံး ရှူရှိုက်ရသည့်ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာဆေးဝါးထုတ်ကုန်ပြပွဲတွင် မိတ်ဆက်ခဲ့သည်ဟု သိရသည်။

 

အဆိုပါ ရှူရှိုက်ကာကွယ်ဆေးသည် ကြွက်သားအတွင်းထိုးနှံရသည့်ကာကွယ်ဆေးပမာဏ၏ ၅ ပုံ ၁ ပုံ သာရှူရှိုက်ရသော်လည်း ဆဲလ်ဖြင့်ခုခံအားစနစ်တည်ဆောက်ပေးနိုင်သည့်အပြင်အသက်ရှူလမ်းကြောင်းရှိ တစ်ရှူးများကိုလည်း ကိုယ်ခံအားတည်ဆောင်ပေးနိုင်သည်ဟု ဆိုသည်။

 

ထို့ပြင် ကာကွယ်ဆေးထိုးနှံထားသူများတွင် ရှူရှိုက်ကာကွယ်ဆေးကိုအားဖြည့်ကာကွယ်ဆေးအဖြစ် ရှူရှိုက်ပေးလျှင် ရောဂါပိုးကိုအားပျော့စေသောနည်းဖြင့်ခုခံအားစနစ်တည်ဆောက်ပေးသည်ဟု ဖော်ပြထားသည်။

 

စစ်တပ်ဆေးထုတ်ကုန်သုတေသနအဖွဲ့နှင့်ဝူဟန်တက္ကသိုလ်ရှိ ကျုံနန်ဆေးရုံတို့က ရှူရှိုက်ရသည့်ကာကွယ်ဆေးကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ကုသမှုစမ်းသပ်ခဲ့ပြီးလက်ရှိတွင် ဒုတိယအဆင့်ကိုရောက်ရှိနေပြီး ပမာဏရလဒ်ရရှိထားပြီဟု ဆိုသည်။

 

ထို့နောက် ယင်းရှူရှိုက်ကာကွယ်ဆေးကို အရေးပေါ်အခြေအနေတွင်အသုံးပြန်နိုင်ရန်အတွက် ကန်ဆိုင်နိုကုမ္ပဏီမှ ခွင့်ပြုချက်လျှောက်ထားပြီဟု သိရှိရသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS