28 April 2024

ဒွန်မောင်းလေဆိပ်တွင် ထိုင်းအမျိုးသမီးကို စက်သွားလမ်းညှပ်မိပြီး ခြေထောက်ပြတ်
.
ဇွန် ၂၉ ရက်၊ ၂၀၂၃
.
ယနေ့မနက် ၈ နာရီ ၄၀ မိနစ်အချိန်၌ မြို့တော်ဗန်ကောက်ရှိ ဒွန်မောင်းလေဆိပ်တွင် ထိုင်းအမျိုးသမီးကို စက်သွားလမ်းညှပ်မိပြီး ဘယ်ဘက်ခြေထောက်မှာ ဒူးခေါင်းအရင်းထိ ပြတ်သွားသည်ဟု ဒွန်မောင်း လေဆိပ်မှ ထုတ်ပြန်ထားသည်။
.
အဆိုပါ အမျိုးသမီးသည် ထိုင်းတောင်ပိုင်းရှိ နခွန်စီဓမ္မရတ်ခရိုင်သို့ထွက်ခွာရန်အတွက် ဒွန်မောင်း လေဆိပ် ပြည်တွင်းခရီးသည်အဆောက်အအုံး(၂) အတွင်းရှိ South Corridor လူသွားလမ်း၏ Pier 4 နှင့် Pier 5 ကြားတွင် စက်သွားလမ်းပေါ်မှလျှောက်သွားစဉ် စက်သွားလမ်းကျိုးကျသွားပြီး ဘယ်ဘက်ခြေ ထောက်ကိုညှပ်မိကာ ဒူးခေါင်းအရင်းထိ ပြတ်သွားသည်ဟု ဖော်ပြထားသည်။
.
အခင်းဖြစ်ပွားပြီးနောက် အဆိုပါအမျိုးသမီးကို ထိုင်းလေတပ်၏ ဘူမိဘောအဒွန်ခရာဒက်ဆေးရုံသို့ အားချင်းပို့ဆောင်ခဲ့ပြီး လေဆိပ်ညွှန်မှူးကိုယ်တိုင် ဆေးရုံအထိသွားရောက်ကြည့်ရှူခဲ့သည်ဟု ဖော်ပြ ထားသည်။
.
ယခုဖြစ်ရပ်အပေါ် ဝမ်းနည်းကြေကွဲဖြစ်မိပြီး နစ်နာသူကို အပြည့်အဝတာဝန်ယူသွားမည်ဟု ထုတ်ပြန်ထားသည်။
.
Photo: DMK
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS