26 April 2024

စိုင်းဟာ့တွင် မြန်မာအမျိုးသမီးတဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံး
.
ဇူလိုင် ၂၉ ရက်၊ ၂၀၂၃
.
ယမန်နေ့ညက ဖုထမွန်ထွန် စိုင်းဟာ့လမ်းတွင် မြန်မာအမျိုးသမီးတဦး ကားတိုက်ခံရပြီး နေရာတွင် သေဆုံး ခဲ့သည်ဟု Workpoint news သတင်းဌာနက ဖော်ပြထားသည်။
.
လွန်ခဲ့သော ဇူလိုင်လ ၂၈ ရက်နေ့ (၂၀၂၃) ည ၇ နာရီခွဲအချိန်ခန့်တွင် စမွတ်ဆာခွန်ခရိုင်၊ ကရာထွန့်ဘန်း မြို့နယ်၊ တလာနတ်ကျရုန် အနီးတွင် နခေါ်ပထုမ်လိုင်စင် အီဇူဇူးပစ်ကပ်တစီးက စက်ဘီးစီးနင်းလာ သော မြန်မာအမျိုးသမီးတဦးကို တိုက်မိပြီးနောက် လှဲကျသွားသောအမျိုးသမီးကို ထပ်မံတက်ကြိတ် မိ၍ အသက် ၂၀ နှစ်မှ ၂၅ ခန့်ရှိသူ မြန်မာအမျိုးသမီးမှာ နေရာတွင်အသက်သေဆုံးသွားခဲ့သည်ဟု ဖော်ပြထားသည်။
.
Photo: ม.ร่วมกตัญญู

SHARE THIS NEWS

OTHER NEWS