12 May 2024

,

 အရောင်များပါရှိတဲ့ ဟင်းသီးဟင်းရွက်များမှာ ရောဂါများကိုကုစားနိုင်တဲ့ phytochemicals လို့ခေါ်တဲ့ ထူးခြားစွာ အပင်မှထွက်တဲ့ ဇီဝဓါတုပစ္စည်းဒြပ်ပေါင်း များ ပါဝင်ပါတယ်။  phytochemicals ဇီဝဓါတုဒြပ်ပေါင်းများဟာ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတွင်တောက်ပတဲ့ အရောင်များဖြစ်ပေါ်စေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဂုဏ်သတ္တိ အချို့လည်း ပါဝင်ပါတယ်။

– အဖြူရောင်/ အညိုရောင် ဟင်းသီးဟင်းရွက်များ

အဖြူရောင်အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်များမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ Allicin (ကြက်သွန်ဖြူတွင် တွေရှိရသည်) ကဲ့သို့သော phytochemicals  ပါဝင်ပါတယ်။ ယင်းမှာဗိုင်းရပ် ရောဂါပိုးမွှားများကိုကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိများရှိပြီး အဖြူရောင်အုပ်စုတွင်ပါဝင်တဲ့ အချို့သောအသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်များမှာ ပိုတက်ဆီယမ်ကိုရနိုင်တဲ့ ကောင်းမွန်သောအရင်းအမြစ်ဖြစ်ပါတယ်။

အဖြူရောင်ဟင်းသီးဟင်းရွက်များ ငှက်ပျောသီး၊ ဂေါ်ဖီပန်း၊ မှို၊ ကြက်သွန်ဖြူ

– လိမ္မော်ရောင် / အဝါရောင် ဟင်းသီးဟင်းရွက်များ

လိမ္မော်ရောင်အသီးအနှံတွေမှာ  Beta-cryptoxanthin ပါရှိပါတယ်။ အားလုံးဟ လိမ္မော် နှင့်သဟဇတဖြစ်သော Carotenoids  ဖြစ်ပြီး ခန္ဓာကိုယ်တွင် ဗီတာမင် A  အဖြစ်ပြောင်းလဲပေးခြင်းဖြင့် ချွဲအမြှေးပါး ကိုကြံ့ခိုင်သန့်ရှင်း ကောင်းမွန် စေပါတယ်။ ထို့ပြင်မျက်စိကိုလည်းအားကောင်းစေပါတယ်။

လိမ္မော်ရောင်ဟင်းသီးဟင်းရွက်များ – မုံလာဥ၊ သံပုရာသီး၊  ကန်စွန်းဥ၊ သခွားမွှေး (Rock Melon) ရွှေဖရုံ၊ သရက်သီး  လိမ္မော် နှင့်  နာနတ်သီး။

– အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ဟင်းသီးဟင်းရွက်များတော့ အစာချေဖျက်စနစ်ကို အထောက်အကူပြုပြီး ကင်ဆာရောဂါကိုဆန့်ကျင်နိုင်တဲ့ ဂုဏ် သတ္တိ တွေပါရှိပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ပီအစိမ်း (broccoli) တို့က Folate ရစေ သော အလွန်ကောင်းတဲ့ ရင်းမြစ်များဖြစ်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ – မလကာသီး၊ ကီဝီသီး၊ စပျစ်သီး

– အနီရောင် ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ ကို Lycopene အမည်ရှိတဲ့ သဘာဝအပင်ခြယ် ဆေး ကအရောင်ဆိုးပေးပါတယ်။ Lycopene ဟာ အစွမ်းထက်သော antioxidant ( ခန္ဓာကိုယ် ကိုအကာ အကွယ်ပေးသောဓါတ်) ဖြစ်ပါတယ်။  အနီရောင်ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းက မေ့လျော်ခြင်းဝေဒနာခံစားနေရသူတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။

အနီရောင် ဟင်းသီးဟင်းရွက်များ – ခရမ်းချဉ်သီး၊ အနီရောင်ပန်းသီး ၊ အနီရောင်ငရုတ်ပွသီး ၊ စတော်ဘယ်ရီ၊  ချယ်ရီသီး နှင့် ဖရဲသီး။

– ခရမ်းရောင်/အပြာရောင် ဟင်းသီးဟင်းရွက်များ

အပြာရောင်ပန်းပင်မှထွက်တဲ့အရောင်ခြယ်ဓာတ် Anthocyanin ဟာ အပြာ/ခရမ်းရောင်အသီးနှင့် ဟင်းသီးဟင်းရွက်များ ကိုထူးခြားတဲ့အရောင်ဖြစ်စေပါတယ်။ Anthocyanin ဟာအစွမ်းထက်သော antioxidant အဖြစ် ခန္ဓာကိုယ်၏ ဆဲလ်များကိုမပျက်စီးစေရန်အကာအကွယ်ပေးပါတယ်။

ခရမ်းရောင်/အပြာရောင် ဟင်းသီးဟင်းရွက်များ – မုံလာဥနီ၊ အနီရော်ဂေါ်ပီထုပ၊ ခရမ်းသီး နှင့် အနက်ရောင်ဘယ်ရီသီး

SHARE THIS NEWS

OTHER NEWS