29 April 2024

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ သတိပေးချက်ကို အဆင့် ၄ အဖြစ် ထိုင်းကျန်းမာရေးဝန်ကြီးဌာနတိုးမြှင့်သတ်မှတ်။

 

ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုအားကောင်းလာသည့်တပြိုင်နက် နေ့စဉ်ထပ်တိုး လူနာဦးရေသည် ၅ ထောင်အထက်ကို ပြန်လည်ရောက်ရှိလာပြီးနောက် ပြည်တွင်းကိုဗစ်-၁၉ သတိပေး ချက်ကိုယခင် အဆင့် ၃ မှ အဆင့် ၄ အဖြစ် တိုးမြှင့်သတ်မှတ်လိုက်သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကီယက်တိဘူမိ ဝန်ရကျစ် ကယနေ့မနက်သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသွားသည်။

 

အဆင့် ၄ သတိပေးချက်အရ ဆိုင်တွင်ထိုင်စားခြင်း၊ ဆိုင်တွင်အရက်ဘီယာထိုင်သောက်ခြင်း၊ ရောဂါကူးစက်နိုင်ခြေမြင့်မားသောနေရာများသို့သွားလာခြင်း၊ အပြင်ထွက်သည့်အခါတပါးသူနှင့်နီးနီးကပ်ကပ်သွားလာနေထိုင်ခြင်း၊ လူစုလူဝေးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များစီးနင်းလိုက်ပါခြင်း၊နိုင်ငံခြားခရီးထွက်ခြင်း စသည်တို့ကို ပိတ်ပင်ထားပြီး ပြည်ဝင်လာသူများကို ကွာရန်တင်းဝင်ရန်သတ်မှတ်ထားသည်။

 

ထို့ကြောင့် ရောဂါကူးစက်နိုင်ခြေမြင့်မားသည့်နေရာများကိုပိတ်ထားခြင်း၊ အိမ်မှာနေ၍အလုပ်လုပ်စေခြင်း (Work From Home) ဖြင့်အများပြည်သူသွားလာမှုကိုလျှော့ချခြင်း၊ ခရိုင်ဖြတ်ကျော်ခရီးသွားလာခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကိုပိတ်ပင်ရန်အလားအလာရှိသည်ဟု ဆိုသည်။

 

တချိန်တည်းတွင် ကာကွယ်ဆေးအပြည့်ထိုးနှံထားခြင်း၊ မိမိကိုယ်ကိုအချိန်တိုင်း နေရာတိုင်း ကာကွယ်ခြင်း၊ စက်ရုံအလုပ်ရုံများတွင် COVID-19 Free Settings စနစ်ထားရှိခြင်း၊ ပုံမှန် ATK စစ်ဆေးခြင်း စသည့် VUCA အစီအမံများကို တင်းတင်းကျပ်ကျပ်လိုက်နာဆောင်ရွက်ကြရန် အများပြည်သူနှင့်လုပ်ငန်းခွင်များကို တိုက်တွန်းထားသည်။

 

အဆင့် ၅ တိုးမြှင့်သတ်မှတ်ခဲ့လျင် လူတိုင်းအိမ်အပြင်ထွက်ခွင့်ပိတ်ပင်ခံရမည်။ ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးကုသခြင်း၊ အစားအသောက်နှင့်အသုံးအဆောင်များထွက်ဝယ်ခြင်း စသည့်အကြောင်းရင်းများကြောင့်အိမ်အပြင်ထွက်ရမည်ဆိုလျင် လူ ၅ ဦးထက်ပိုပြီးမစုဝေးရဟု ဖော်ပြထားသည်။ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသောမိသားစုဝင်များနှင့်နီးနီးကပ်ကပ်နေထိုင်ခြင်းကိုပိတ်ပင်ထားပြီး၊ အိမ်အပြင်ထွက် ခွင့်ကိုလည်းပိတ်ပင်ထားသည်။ လိုအပ်လျင်အိမ်စီးကားဖြင့်ထွက်ရမည်ဖြစ်ပြီး ပိုးစစ်ဆေးရမည်ဟု သတ်မှတ်ထားသည်။ နိုင်ငံခြားထွက်ခွင့်ကိုပိတ်ပင်ထားပြီး ပြည်ဝင်လာသူများကွာရန်တင်းဝင်ရမည်ဟု

သတ်မှတ်ထားသည်။

 

သတင်း ရွှေကရင် (မြောင်းမြမြေ)

SHARE THIS NEWS

OTHER NEWS