26 April 2024

,

မန်ယူနိုက်တက်နဲ့ဆေးစစ်မှုအလုံးစုံပြီးမြောက်ခဲ့တဲ့ရိုနာလ်ဒို နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေ

■မန်ချက်စတာယူနိုက်တက်အသင်းကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ ရိုနာလ်ဒိုဟာအသင်းနဲ့ ဆေးစစ်မှု အလုံးစုံပြီးမြောက်ခဲ့ပြီဖြစ်တဲ့အတွက် လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ်ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။

အီတလီနာမည်ကျော်သတင်းထောက် Fabrizio Romano ရဲ့နောက်ဆုံးဖော်ပြချက်အရ ရိုနာလ်ဒို ဟာ မန်ချက်စတာယူနိုက်တက်နဲ့ လစ္စဘွန်းမြို့မှာ ဆေးစစ်မှူများအားလုံးပြီးမြောက်ခဲ့ပြီး စာချုပ်ကိစ္စတွေပါ အဆုံးသတ်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ရိုနာလ်ဒိုဟာ လာမယ့် စက်တင်ဘာလ ၁၁ ရက်မှာ ကစားမယ့်မယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၄ ဖြစ်တဲ့ နယူးကာဆယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့အတွက် ဗီဇာနဲ့ အလုပ်လုပ်ခွင့်ပါမစ်ကိစ္စတွေကိုလည်း မြန်မြန်ဆန်ဆန်လုပ်ဆောင်နေပါတယ်။ ပေါ်တူဂီနိုင်ငံဟာ UK အစိုးရအနီရောင်အဆင့်သတ်မှတ်ချက်တွင်မပါဝင်သည့်အတွက် ရိုနာလ်ဒိုဟာ ရက်အနည်းအငယ်သာ ကွာရန်တင်းဝင်ရောက်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ရိုနာလ်ဒိုကြား စာချုပ်မှာ ၃ နှစ်စာချုပ်သက်တမ်းဖြစ်ပြီးတော့ ၂၀၂၄ ခုနှစ် ဇွန်လ အထိ သက်တမ်းရှိနေတာဖြစ်ပြီးတော့ လစာနဲ့ ဆုကြေးခံစားခွင့်တွေက ပြောင်းလဲနိုင်ဖွယ်ရှိနေပါတယ်။ ရိုနာလ်ဒိုဟာ သူ့ရဲ့ ကျောနံပါတ် အနေနဲ့ သူ့ရဲ့ နဂိုကျောနံပါတ် ဖြစ်တဲ့ နံပါတ် ၇ ကိုပဲ ဝတ်ဆင်ကစားဖို့ရှိနေပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS