26 April 2024

ထိုင်းနိုင်ငံ ဖစ်စနုရို့ခရိုင်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ညက အရက်ခေါ်တိုက်တာကို ငြင်းဆန်ခဲ့တဲ့ သူငယ်ချင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်တဲ့နေရာမှာပဲ ရဲတပ်ဖွဲ့က လက်နက်ချရန်ပြောဆိုကာ ဖမ်းဆီးရမိခဲ့ပါတယ်။

 

ပြစ်မှုကျူးလွန်သူဟာ အသက် ၃၁ နှစ်ရှိပြီဖြစ်ပြီး ၎င်းဟာ အရက်ခေါ်တိုက်တာကို မသောက်တဲ့သူငယ်ချင်းကို အိမ်ထိသေနတ်ဖြင့်သွားရောက်ပစ်ခတ်ခဲ့တာ ဟုတ်ကြောင်း ဖြောင့်ချက်ပေးပါတယ်။

 

 

ဖြစ်စဉ်မှာ သေဆုံးသူကို ပြစ်မှုကျူးလွန်ခဲ့တဲ့ “ဒန်” အသက် ၃၁ နှစ်က ည ၁၁ နာရီခန့် အရက်သောက်ဖို့ ဖုန်းဆက်ခေါ်တာကို သေဆုံးသူက ပထမအခေါက်ငြင်းဆိုလိုက်ပြီးနောက် ဒန်ကထပ်မံဖုန်းဆက်လာတဲ့အချိန်မှာ သေဆုံးသူရဲ့အမျိုးသမီးဖြစ်သူဟာ “မသွားနဲ့တော့” ဟုပြောမိသွားတာကို ပြစ်မှုကျူးလွန်ခဲ့တဲ့ “ဒန်” က မကျေမနပ်ဖြစ်ပြီး သေဆုံးသူအမျိုးသမီးရေချိုးနေချိန်မှာ အိမ်ရှေ့ကိုလာပြီး ပစ်ခတ်သွားခဲ့တာပါ။

 

သေနတ်ကျဉ်ဟာ အဆုတ်ကိုထုတ်ခြင်းပေါက်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရတဲ့သူဟာ သေဆုံးခဲ့ပါတယ်။

 

ရဲတပ်ဖွဲ့ကတော့ ပြစ်မှုကျူးလွန်သူကို လူသတ်မှုကျူးလွန်မှု၊ လိုင်စင်မဲ့သေနတ်ကိုင်ဆောင်မှု၊ အရေးပေါ်အမိန့် ချိုးဖောက်မှု စတာတွေနဲ့ အရင် တရားစွဲဆိုထားတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS