26 April 2024

အရှေ့တောင်အာရှပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့အောင်ဖျာလိပ်တဲ့ခေတ် ပြန်ရောက်
.
ဩဂုတ် ၂၀ ရက်၊ ၂၀၂၃
.
ယမန်နေ့က အုပ်စုဒုတိယပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မြန်မာ ယူ-၂၃ အသင်းနဲ့ ကမ္ဘောဒီးယား ယူ-၂၃ အသင်းတို့ ရဲ့ပွဲစဉ်မှာ ၁ ဂိုးစီသရေကျခဲ့တာကြောင့် မြန်မာအသင်းအတွက် အုပ်စုတက်မယ့်အိပ်မက် အဆုံး သတ်သွားခဲ့လို့ အောင်ဖျာလိပ်ခဲ့ရပြီ ဖြစ်ပါတယ်။
.
ပထမပိုင်းအပြီးမှာ ကမ္ဘောဒီးယားအသင်းက ၀-၁ ဂိုးနဲ့ဦးဆောင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ နောက်ကျချေပဂိုးကြောင့် သရေကျခဲ့တာလို့ သိရပါတယ်။
.
မြန်မာယူ-၂၃ အသင်းအနေနဲ့ ဘရူနိုင်းအသင်းနဲ့ ကစာဖို့ကျန်ရှိနေပေမဲ့ မြန်မာအသင်းက အနိုင်ရရှိခဲ့သည့်တိုင် အောင် အုပ်စုအောက်ဆုံးအသင်းနဲ့ပွဲစဉ်ရလဒ်ကို ထည့်သွင်းတွက်ချက်မှာ မဟုတ်တဲ့အတွက် ၂ ပွဲကစား ရမှတ် (၁) မှတ်သာ ရရှိထားတဲ့ မြန်မာအသင်းဟာ အုပ်စုတတိယအဆင့်မှာ ရပ်တည်နေတာကြောင့် အုပ်စုအဆင့်နဲ့သာ အိမ်ပြန်ရမှာ ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံ လရောင်းမြို့မှာကျင်းပလျက်ရှိတဲ့ 2023 AFF U-23 Championship ပြိုင်ပွဲမှာ အုပ်စု (၃) ခု ခွဲထားပြီး အုပ်စုဗိုလ် (၃) သင်းနဲ့ အုပ်စု ဒုတိယအကောင်းဆုံး (၁) သင်းတို့ သာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
.

SHARE THIS NEWS

OTHER NEWS