30 April 2024

,

စက်တင်ဘာလ ၆- ၁၁ ရက်အတွင်း ၄၆ ခရိုင်မှာ မိုးကြီးမယ်လို့ မိုးဇလ က ထုတ်ပြန်ကြေညာ ထားပါတယ်။

၂၄ နာရီ မိုးလေဝသခန့်မှန်းချက်အရ ထိုင်းနိုင်ငံ တောင်ပိုင်း နှင့် တရုတ်ပင်လယ်ပြင် အလယ်ပိုင်းတို့မှာ လေဖိအား

ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ကပ္ပလီပင်လယ်ပြင်မှာအားကောင်းနေတဲ့ မုတ်သုန်လေကြောင့် ဒီရက်ပိုင်းအတွင်းမိုးသည်းထန် ရွာသွန်းနိုင်တယ်လို့ ထိုင်းမိုးဇလက ပြည်သူတွေကို ထုတ်ပြန် ကြေညာအသိပေးထားပါတယ်။

၂၄ နာရီမိုးလေဝသခန့်မှန်းချက်

ဘန်ကောက်

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နိုင်ပါတယ်။အနိမ့်ဆုံးအပူချိန် ၂၄-၄၅ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၂-၃၄ စင်တီဂရိတ်ထိ မြင့်တက်နိုင်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း

ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်တွေဖြစ်တဲ့ တာ့ခ်၊ ကမ်ဖမ်ဖစ်၊ ဖစ်စနုရို့၊ ဖိကျစ် နှင့် ဖစ်ဘူရီခရိုင် တို့မှာ ၃၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး လေတိုက်နှုန်း  တစ်နာရီ ၅-၁၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နိုင် ပါတယ်။  အနိမ့်ဆုံးအပူချိန် ၂၂-၂၅ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၃-၃၆ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။

 

ထိုင်းနိုင်ငံအရှေ့မြောက်ခရိုင်

ထိုင်းနိုင်ငံအရှေ့မြောက်ခရိုင်တွေဖြစ်တဲ့ မဟာစာရခမ်၊ ရွိုင်းအစ်၊ ရစိုထွန်း၊ အမ်နတ်ကျရိန်း၊ နခွန်ရတ်ချစီမာ၊ဘူရီရမ်၊ ခရိုင်တို့မှ ၄၀ ရာခိုင်နှုန်းမိုးရွာသွန်းနိုင်ပြီး။ လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင် ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၃-၂၆ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၁-၃၅စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။

 

ထိုင်းနိုင်ငံအလယ်ပိုင်းခရိုင်

ထိုင်းနိုင်ငံအလယ်ပိုင်း ခရိုင်တွေဖြစ်တဲ့ ကန်ကျနဘူရီ၊ အယုဒ္ဒရ၊ စရဘူရီ၊ လာ့ဘူရီ၊ နခွန်ပထုမ်၊ စမွတ်စုန်ခရမ်းနှင့် စမွတ်စာခွန်ခရိုင်တို့မှာ ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၀-၂၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင် ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၃-၂၆ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၁-၃၅ စင်တီဂရိတ်ထိရှိနိုင်ပါတယ်။

ထိုင်းနိုင်ငံအရှေ့ပိုင်းခရိုင်

ထိုင်းနိုင်ငံအရှေ့ပိုင်းခရိုင်တွေဖြစ်တဲ့ နခွန်နာရွတ်၊ စရာကဲ့ယောက်၊ ချချင်ဆောင်၊ ချွန်ဘူရီ၊ ရယောင်း၊ ကျန်ထဘူရီနှင့်တရတ်ခရိုင်တို့မှာ ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၅-၃၅ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင် ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၃-၂၅ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၁-၃၃ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။ပင်လယ်ရေ ၁ – ၂ မီတာခန့် မြင့်တက်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်

ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်တွေဖြစ်တဲ့ ဖစ်ဘူရီ၊ ပရကျွတ်၊ ချွန်ဖော်၊ စူရတ်ဌာနီ ခရိုင်တို့မှာ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်ပြီးလေတိုက်နှုန်း တစ်နာရီ ၁၅-၃၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နိုင် ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၃-၂၅  ဒီဂရီစင်တီဂရိတ်မှအမြင့်ဆုံးအပူချိန် ၂၉-၃၄ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။ ပင်လယ်ရေ ၁ – ၂ မီတာခန့်မြင့်တက်နိုင်တယ်လို့လည်းသတိပေးထားပါတယ်။

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းခရိုင်

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းခရိုင်တွေဖြစ်တဲ့ ဖန်ငါ၊ ဖူးကတ်၊ ကရဘီ၊ သရန်၊ နင့် စတွန်ခရိုင်တို့မှာ ၇၀ ရာခိုင်နှုန်မိုးရွာသွန်းနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၅-၃၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နိုင် ပါတယ်။အနိမ့်ဆုံးအပူချိန်၂၃-၂၅  ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံးအပူချိန် ၃၂-၃၄ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်။

 

เรื่องฮอตในรอบสัปดาห์

မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့်

SHARE THIS NEWS

OTHER NEWS