10 May 2024

တရားမဝင်လုပ်သားအားလုံးကို ဇူလိုင်လကုန်ထိ ဖြေလျှော့ခွင့်ပြု
.
ဇူလိုင် ၅ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းလုပ်သားများအား ဖြေလျှော့ခွင့် ပေးရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တင်သွင်းလာသော အဆိုပြုချက်ကို ထိုင်းအစိုးရ အဖွဲ့က အတည်ပြုလုပ်ပြီဟု သိရသည်။
.
အဆိုပါ အတည်ပြုချက်တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်လျှက်ရှိသော တရားမဝင် လုပ်သား ၄ အုပ်စုကို ၃၁-၇-၂၀၂၃ အထိ ဖြေလျှော့ခွင့်ပေးလိုက်သည်ဟု သိရသည်။
.
၁။ အထောက်အထားရှိသော်လည်း ဘိုင်ကျဲအော်သေသွားသောကြောင့် တရားမဝင်လုပ်သား ဖြစ်သွားသော အလုပ်သမားများ
၂။ အထောက်အထားရှိသော်လည်း ဝေါ့ပါမစ်နှင့်ဗီဇာသက်တမ်းတိုးမမီလိုက်၍ တရားမဝင်လုပ်သား ဖြစ်သွားသော အလုပ်သမားများ
၃။ အထောက်အထားရှိသော်လည်း ဗီဇာရက်ကျော်သွားသောကြောင့် (Over Stay) တရားမဝင်လုပ်သား ဖြစ်သွားသော အလုပ်သမားများ
၄။ ဤအတည်ပြုချက်မတိုင်မီ လက်ရှိအလုပ်ရှင်ထံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အထောက်အထား မဲ့ တရားမဝင်လုပ်သားများ (သို့မဟုတ်) အထောက်အထားသက်တမ်းကုန်ဆုံးနေသော တရားမဝင်လုပ် သားများ စသည့်လုပ်သားများ ပါဝင်သည်ဟု သိရသည်။
.
မည်သို့ဆိုစေ ၃၁-၇-၂၀၂၃ အထိ ဖြေလျှော့ခွင့်ရရှိရန်အတွက် အလုပ်ရှင်မှ အလုပ်သမားအမည်စာရင်း (Name list) နှင့် အလုပ်သမားဓာတ်ပုံတို့ကို ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးတွင်ဖြစ်စေ၊ မြို့တော် ဗန်ကောက် အတွင်းရှိ နယ်မြေအလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ခုတွင်ဖြစ်စေ အမြန်ဆုံး တင်သွင်းရမည် ဖြစ်ပြီး Name List ကျလာသည့်အခါမှသာ ဖြေလျှော့ခွင့်အကျုံးဝင်မည်ဟုသိရပြီး အဆိုပါ Name List စာရွက်ကို အလုပ်သမားက ကိုင်ဆောင်ထားရမည်ဟု သိရှိရသည်။
.
ထို့ပြင် အသက် ၁၈ နှစ်မပြည့်သေးသော လိုက်ပါနေထိုင်သူ မှီခိုများကိုလည်း ဖခင်သို့မဟုတ် မိခင် နည်းတူဖြေ လျှော့ခွင့်ပြုလိုက်ပြီး ဖြေလျှော့ခွင့်ရရှိရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန် လာမည့် လုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်ရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
.
မှတ်ချက်။ ။ ဤအတည်ပြုချက်တွင် အ​ကြောင်းအမျိုးမျိုး​ကြောင့် တရားမဝင်ဖြစ်သွား​သော MoU လုပ်သားများ အကျုံးဝင်ခြင်း ရှိမရှိကို အတည်မပြုနိုင်​သေးပါ။
.
Photo: DVB
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS