3 May 2024

ဓာတ်ပုံ เกษตรทำกิน ประชาชาติธุรกิจ

 

အောက်တိုဘာ ၆ ရက်၊ ၂၀၂၁

 

ခွဲတမ်းထက်ပိုတင်သွင်းလျှင် သွင်းခွန် ၇၂ ရာခိုင်နှုန်းကောက်ခံမည့် အုန်းသီးထွက်ကုန်အထူးကာကွယ်ရေးစီမံချက် ၂၀၂၁ ကို ထိုင်းအစိုးရအတည်ပြု၊ ပြည်တွင်းထွက်အုန်းသီးဝယ်ယူရမည့်သတ်မှတ်ချက်တိုးမြှင့်။

 

ခွဲတမ်းထက်ပို၍အုန်းသီးတင်သွင်းမှုကြောင့် ပြည်တွင်းအုန်းသီးတောင်သူများအပေါ်ထိခိုက်မှုကို ကာကွယ်နိုင်ရန် ဆီထွက်သီးနှံနှင့်စားသုံးဆီကော်မတီမှအဆိုပြုလာသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) သဘောတူညီချက်နှင့် ၂၀၂၁ခုနှစ်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA)အောက်

တွင်ရေးဆွဲထားသည့် အထူးကာကွယ်ရေးစီမံချက် (Special Safeguard Measure : SSG) ကို ပြီးခဲ့သည့်အောက်တိုဘာ ၅ ရက်နေ့ ပုံမှန်အစည်းအဝေးတွင် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့သည်ဟု ထိုင်းအစိုးရရုံးလက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ ဓနာဓိရာဇ် ကဆိုသည်။

 

 

ထို့ပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအတွင်း အုန်းသီးတင်းသွင်းမှုစီမံအုပ်ချုပ်ရေးမူကို အတည်ပြုခဲ့ပြီး အုန်းသီးတင်းသွင်းခွင့် ၁၅ ဦးခွင့်ပြုပေးခဲ့ကာ တန်ချိန် ၈ သိန်းနီးပါး (၇၈,၄၇၇) တင်သွင်းခွင့်ချပေးခဲ့သည်ဟု သူမကဆက်လက်ပြောကြားသည်။

 

တချိန်တည်းတွင် (၁ အချိုး ၂.၅ ) ၁ ဆတင်သွင်းပြီး ပြည်တွင်းတွင် ၂.၅ ဆဝယ်ယူပေးရမည်ဟုသတ်မှတ်ထားသည်။ ယခင်က (၁ အချိုး ၂) ၁ ဆတင်သွင်းပြီး ပြည်တွင်းတွင် ၂ ဆဝယ်ယူရမည်ဟု ဆိုသည်။

 

အဆိုပါ အထူးကာကွယ်ရေးစီမံချက် (SSG) သည် ပြည်တွင်းအုန်းသီးဈေးနှုန်းကျဆင်းသည့်ပြဿနာကိုကာကွယ်နိုင်ရန် ပြည်တွင်းအုန်းသီးထုတ်လုပ်မှုနှင့်အုန်းသီးကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ၏အုန်းသီးလိုအပ်ချက်ကို ထိန်းညှိပေးရန်ရည်ရွယ်ပြီး အုန်းသီးကုန်ချောလုပ်ငန်းများအတွက်ကုန်ကြမ်းလုံးလောက်မှုရှိစေရန်နှင့်ကုန်ကြမ်းပုံမှန်သွင်းနိုင်ရန်ရည်ရွယ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS