27 April 2024

ပီဒီအက်ဖ်ကို ငွေလှူသည့်ကိစ္စကြောင့် အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ
.
ဇူလိုင် ၂၉ ရက်၊ ၂၀၂၃
.
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ငွေစုကြပြီး PDF များကို ကျပ် ၁၁ သိန်းလှူသည့်ကိစ္စနှင့်ပတ်သက် ပြီး စစ်ဆေးရာက ထောင်တွင်းမှ ဖုန်း ၇ လုံးဖမ်းဆီးမိခဲ့ပြီးနောက် အင်းစိန်ထောင် ညွှန်ချုပ် ဦးဇော်မင်း အား ၂၄ နာရီအတွင်း အနားပေးခံရကာ အလုပ်ပြုတ်သွားပြီဟု Red News Agency က ဖော်ပြထား သည်။
.
လွန်ခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်းက အကျဉ်းထောင်အတွင်းမှနေ၍ ပီဒီအက်ဖ်များထံ အလှူငွေ ကျပ် ၁၁ သိန်းလှူဒါန်းပေးသည့် ထောင်ဝန်ထမ်းမှာ ဖမ်းဆီးခံရပြီး ထောင်အတွင်းမှဖုန်း ၇ လုံးသိမ်း ဆည်းရမိကာ ယင်းကိစ္စများကြောင့် ညွှန်ချုပ်ကို ၂၄ နာရီအတွင်း အရေးယူလိုက်သည်ဟု ဖော်ပြထား သည်။
.
တဆက်တည်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးမျိုးဇော် ကို ညွှန်ချုပ်နေရာခန့်အပ် လိုက်ပြီဟု ဖော်ပြထားသည်။
“ဖြစ်တာက အခုလ ဒုတိယပတ်ထဲမှာဖြစ်တာပေ့ါ PDF တွေကို ငွေလှူတဲ့ကိစ္စ မိသွားတာ၊ အဲဒါက နေလိုက်တော့ ဖုန်းတွေပါထပ်မိတာ၊ အဲကိစ္စနဲ့ညွန်ချုပ်က အရေးယူခံရတာ ၂၄ နာရီအတွင်း တခါတည်း ဖြုတ်ပစ်တာ။ အခုရောက်တဲ့အသစ်က စစ်တပ်ကပဲ ဗိုလ်မှူးကြီးအဆင့်ကနေလာတာ။ အခုတော့ ထောင်က တော်တော်ကြပ်နေတယ်။ မီးသတ်တွေ စရဖတွေနဲ့ပေါင်းပြီး အဆောင်တိုင်း လိုက်စစ်ခံ နေရတာ” ဟု အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက ပြောကြားသည်ဟု ဆက်လက်ဖော်ပြထားသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS