8 May 2024

ဘန်ကောက်အစိုးရက စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက်တိုဘာလ ၂ ရက်နေ့အတွင်း ကျောက်ဖရားမြစ်ရေ ၁ မီတာကနေ ၅ မီတာထိ မြင့်တတ်လာနိုင်တယ်လို့သတိပေးထားပါတယ်။

 

 

အောက်မုတ်သုန်လေအားကောင်းနေတာကြောင့် ကျောက်ဖရားမြစ်ဝှမ်းအထက်ဒေသပိုင်းမှ စီးဆင်းလာမယ့် ရေတွေဟာ ကျောက်ဖရားမြစ်အဖျားပိုင်းဒေသ ဖြစ်တဲ့ ဘန်ကောက်ကို

ဖြတ်ပြီး ပင်လယ်ထဲစီးဆင်းမှာဖြစ်တာကြောင့် အခုရက်ပိုင်းမှာ ကျောက်ဖရားမြစ်ရေ မြင့်တတ်လာနိုင်တယ် လို့ ထိုင်းမိုးဇလက ပြောပါတယ်။

 

Pa Sak Jolasid ဆည်လုံခြုံရေးအတွက် မြင့်တတ်နေတဲ့ ရေပမာဏကိုလျှော့ချဖို့ ဆည်မှ ရေကို ၉၀၀ မှ ၁,၂၀၀ ကုဗမီတာနှုန်းဖြင့်စွန့်ထုတ်ရန် လိုအပ်နေပါတယ်။

Pa Sak Jolasid ဆည်မှ ကုဗမီတာ ၃,၀၀၀ မှ ၃,၂၀၀ ခန့်နှုန်းဖြင့်ရေစွန့်ထုတ်မှာဖြစ်တာကြောင့် အယုဒ္ဒရခရိုင်ကစလို့ ကျောက်ဖရားမြစ်ရေဟာ အောက်တိုဘာလ ၁-၅ ရက်နေ့အတွင်း

အမြင့် ၁ မီတာမှ ၅ မီတာ ထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

 

 

 

ဘန်ကောက်ရေကြီးမှုကို ဟန့်တားရန် ကျောက်ဖရားမြစ်ရေမြင့်တတ်မှုကို ထိန်းချုပ်ဖို့ တော်ဝင်ဆည်မြောင်းဌာနအား တာဝန်ပေးအပ်ခဲ့ပြီး ချိုင်းရနတ်ခရိုင် ကစလို့

ကျောက်ဖရားမြစ်ရေစီးဆင်းမှုကို ဖြတ်တောက်ကာ ဆည်မြောင်း တူးမြောင်းစနစ်ဖြင့် မြေနိမ့်ပိုင်းနေရာများသို့ ‌ ရေပမာဏ ၂,၇၀၀ ကုဗမီတာ/စက္ကန့် ဖြင့် ရေလမ်းကြောင်း

လွှဲပြောင်း သွားဖွယ်ရှိတယ်လို့သိရပါတယ်။

 

အစိုးရကတော့ ဘန်ကောက်အပါအဝင် ဘန်ကောက်အနီးတစ်ဝိုက်က မြေနိမ့်ပိုင်း ဒေသ တွေကို အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။ မြေနိမ့်ပိုင်းဒေသတွေအတွက်

ရေကြီးလာခဲ့ရင် ကာကွယ်ဖို့အတွက် သဲအိတ်တွေပြင်ဆင်ပေးထားလျက်ရှိပြီး အရေးကြီးတဲ့ ပစ္စည်းတွေ အမြင့်မှာထားကြဖို့ သတိပေးထားလျက်ရှိကြောင်းသိရပါတယ်။

SHARE THIS NEWS

OTHER NEWS