6 May 2024

,

လူတိုင်းရဲ့ ဝမ်းဗိုက်ညာဘက်ထောင့်နေရာမှာ အူအတက်ရှိပါတယ်။ အူမကြီးနေရာကနေ ပြွန်လေးတခုလို ရှည်ထွက်နေတဲ့ အင်္ဂါအစိတ်အပိုင်းလေး ဖြစ်ပါတယ်။ အဆိုပါ အူအတက်လေး ရောင်ရမ်းသွားချိန်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားလာနိုင်ပြီး ပတ်ဝန်းကျင်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။ အူအတက်ရောင်ခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

အူအတက်ရှိတဲ့နေရာ 

ဝမ်းဗိုက်ညာဘက်ထောင့်နေရာ အူမကြီးနံဘေးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းလေး ဖြစ်ပါတယ်။

အူအတက်ပေါက်ရခြင်း

အူအတက်ရှိတဲ့နေရာကို တစ်ခုခုက သွားရောက်ပိတ်စို့နေမိရင် ရောင်ရမ်းခြင်းကစပြီး အတူအတတ်ကိုပေါက်ပြဲစေကာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာပြီး အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။ အူအတက်ပေါက်ခြင်းက အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အူအတက်ပေါက်ခြင်းလက္ခဏာ 

– ညာဘက်ထောင့်အစွန်ဆုံးကအောင့်မယ်

– ခန္ဓာကိုယ်လှုပ်ရှားလေနာလေဖြစ်မယ်

– ရက်အတန်ကြာဗိုက်အောင့်တာမျိုးဖြစ်မယ်

– သာမန်ဗိုက်အောင့်ပျောက်ဆေးတွေသောက်ရုံနဲ့မပျောက်နိုင်

– ဖြစ်ဖြစ်ခြင်းမကုသပါက ပိုပြီးပွားလာနိုင်ပါတယ်။ အူအတက်ပေါက်ခြင်းက ဘက်တီးရီးယားတွေက အခြားအင်္ဂါအစိတ် အပိုင်းတွေကို ကူးစက်သွားပါက စိုးရိမ်ရတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။

အူအတက်ပေါင်ခြင်းကို ခွဲစိတ်ကုသတဲ့နည်းလမ်း ၂ ခုရှိပါတယ်။

– ခွဲစိတ်ကုသခြင်း (Open Appendectomy)

– ကင်မရာထည့်ပြီးခွဲစိတ်ခြင်း (Laparoscopic Appendectomy)

မခွဲစိတ်ရဘဲနဲ့အူတက်ပေါက်တာပြန်ကောင်းလာနိုင်လား 

အကောင်းဆုံးနည်းလမ်းကတော့ အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပိုးမကူးစက်အောင်အမြန်ဆုံး ခွဲစိတ်ကုသမှုခံယူရမှာပါ။ မဟုတ်ရင်တော့ အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။

เรื่องฮอตในรอบสัปดาห์

လှပပြီး တင်းရင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆီတွေကို လောင်ကျွမ်း

SHARE THIS NEWS

OTHER NEWS