26 April 2024

,

၂၀၂၀ ဆူဇူကီးဖလားဆွတ်ခူးနိုင်လျင် စုစုပေါင်းဆုကြေး ဘတ် ၄၆ သန်းရရှိမည်ဟု ထိုင်းလက်ရွှေးစင်အသင်းမန်နေဂျာ ပြော။

လက်ရှိချန်ပီယံဗီယက်နမ်အသင်းကို နှစ်ကျော့ပေါင်း ၂-၀ ဂိုးနဲ့ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကိုတက်လှမ်းနိုင်ခဲ့တဲ့နောက်မှာတော့ ထိုင်းတိုက်ဆင်အသင်းဟာ အသင်းဉက္ကဋ္ဌက အိတ်စိုက်ချီးမြှင့်တဲ့ဆုကြေး ဘတ် ၁၀ သန်းကိုရရှိသွားပြီဖြစ်သလို ဒုတိယဆုအသင်းအတွက် အရှေ့တောင်အာရှဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်မယ့် ကန်ဒေါ်လာ ၁ သိန်း (ဘတ် ၃.၂၇ သန်း) ကိုသေချာပေါက်ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရင်တိုက်ဆင်အသင်းမန်နေဂျာမာဒမ်ပန် နဲ့ ကုမ္ပဏီအသီးသီးက ချီးမြှင့်မယ့် ဆုကြေးပမာဏဟာ ဘတ် ၂၆ သန်းအထိရှိလာပြီလို့ သိရပါတယ်။

ဒါကြောင့် ဒေသတွင်းအစဉ်အလာကြီးမားတဲ့တိုက်ဆင်အသင်းသားများအနေနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် အရှေ့တောင်အာရှဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်မယ့်ဆုငွေ ကန်ဒေါ်လာ ၃ သိန်း (ဘတ် ၉.၈၂ သန်း)၊ အဖွဲ့ချုပ်ဉက္ကဋ္ဌချီးမြှင့်ငွေ ဘတ် ၁၀ သန်း၊ အသင်းမန်နေဂျာနဲ့ပုဂ္ဂလိကလုပ်ငန်းရှင်များချီးမြှင့်ငွေဘတ် ၂၆ သန်း ရရှိမှာဖြစ်လို့ အနည်းဆုံးဆုကြေးငွေ ဘတ် ၄၆ သန်းရရှိမှာသေချာနေပြီလို့သိရပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS