2 May 2024

ထိုင်းပြည်ထဲရေးကြေညာချက် ထွက်လာပြီ ဗီဇာပြုလုပ်နိုင်ပြီ
.
ဇွန် ၂၇ ရက်၊ ၂၀၂၃
.
မေလ ၃၀ ရက်နေ့ (၂၀၂၃) ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ယမန်နေ့ (၂၆-၆-၂၀၂၃) ရက်စွဲဖြင့် ကြေညာချက် ၂ စောင် ထုတ်ပြန်လာသည်။
.
ပထမ ထုတ်ပြန်ချက်တွင် နေထိုင်ခွင့်ဗီဇာပြုလုပ်ရန်ကျန်ရှိနေသော ၇-၂-၂၀၂၃ ဆုံးဖြတ်ချက်ပါ လုပ်သား များ ဗီဇာပြုလုပ်ရန်လုပ်ငန်းစဉ်များကို ဖော်ပြထားသည်။
.
၁။ ၁၃-၂-၂၀၂၃ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့်ဝေါ့ပါမစ်ပြုလုပ်ထားပြီး တစ်ကြိမ်တစ်ခါမျှ ဗီဇာ မပြု လုပ်ရသေးသောသူများသည် ဗီဇာ ၂ ကြိမ်ပြုလုပ်ရမည်။ ပထမတကြိမ်တွင် ၃၁-၇-၂၀၂၃ ရက်နေ့ အထိ သက်တမ်းရရှိမည်။ ဒုတိယတကြိမ်တွင် ၁၃-၂-၂၀၂၄ သို့မဟုတ် ၁၃-၂-၂၀၂၅ အထိ သက်တမ်း ရရှိမည်။ (၁-၈-၂၀၂၂ နောက်ပိုင်း ဗီဇာသက်တမ်းတိုးထားသောသူများသည် ၁၃-၂-၂၀၂၄ အထိရရှိမည်)
.
၂။ စာအုပ်ဟောင်းမျက်နှာပြင်သက်တမ်းနှင့်အညီ ဗီဇာပြုလုပ်ထားသော်လည်း ၁၃-၂-၂၀၂၃ သို့မဟုတ် ၁၅-၅-၂၀၂၃ အထိ ဗီဇာသက်တမ်းမရှိသောသူများသည် ဗီဇာ ၂ ကြိမ်ပြုလုပ်ရမည်။ ပထမတကြိမ်တွင် ၃၁-၇-၂၀၂၃ အထိ သက်တမ်းရရှိမည်။ ဒုတိယတကြိမ်တွင် ၁၃-၂-၂၀၂၄ သို့မဟုတ် ၁၃-၂-၂၀၂၅ အထိ သက်တမ်း ရရှိမည်။ (၁-၈-၂၀၂၂ နောက်ပိုင်း ဗီဇာသက်တမ်းတိုးထားသောသူများသည် ၁၃-၂-၂၀၂၄ အထိရရှိမည်)
.
အထက်ပါ ဗီဇာ ၂ ကြိမ်စလုံးကို တရက်တည်းတွင် တပြိုင်နက်ပြုလုပ်နိုင်သည်ဟု ဆက်လက် ဖော်ပြ ထားသည်။
.
ဒုတိယထုတ်ပြန်ချက်မှာ ၁-၁-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၃ ရက်နေ့အတွင်း အလုပ်လုပ်ကိုင်ခွင့် ၄ နှစ် စေ့သော MoU လုပ်သားများ နေရပ်ပြန်ပြီး MoU ပြန်လည်ပြုလုပ်ရမည့်လုပ်ငန်းစဉ်များကို ဖော်ပြထား သည်။
.
အထက်ပါ MoU လုပ်သားများသည် လုပ်သားအမည်စာရင်း (Name list) ကျလာပြီးနောက်တွင် ၃၁-၇-၂၀၂၃ ရက်နေ့အတွင်း နေရပ်ပြန်ပြီး MoU ပြန်လည်ပြုလုပ်လာရမည်ဟု ဖော်ပြထားသည်။
.

SHARE THIS NEWS

OTHER NEWS