4 May 2024

အမေရိကန်အစိုးရမှထိုင်းအစိုးရထံလှူဒါန်းသည့် မိုဒါနာကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ် ၁ သန်း ဒို့စ်သည် ယနေ့နေလယ် ၁၄.၂၁ နာီရအချိန်တွင် သုဝဏ္ဏဘူမိလေယာဉ်သို့ဆိုက်ရောက်လာသည်ဟု သိရသည်။

 

ဗန်ကောက်အခြေစိုက် အမေရိကန်သံရုံး ယာယီသံအမတ် မိုက်ကယ် ဟစ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ အမေရိကန်နှင့်တောင်ပစိဖိတ်ရေးရာညွှန်ကြားရေးမှူးချုပ် ဝိချနု ဝိဇ္ဇာဇီဝ၊ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဖွန် အီယန်သီရိထာဝရ စသည့်တာဝန်ရှိသူများက ကာကွယ်ဆေးလွှဲပြောင်းသည့်အခမ်းအနားကိုတက်ရောက်ခဲ့ကြသည်ဟု သိရသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS