26 April 2024

————————————-

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံ ပါကျွတ်စီရီခမ်ခရိုင်ဘက်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာ ၃၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိထားတယ်လို့သိရပါတယ်။ ဆီအုန်းခြံထဲမှာ ပုန်းနေရင်းနဲ့ ကင်းလှည့်နေတဲ့ စစ်သားတွေကတွေ့သွားခဲ့တာဖြစ်ပါတယ်။

 

မြန်မာလုပ်သားတွေဆီက ပါလာတဲ့အိတ်တွေကို စစ်ဆေးကြည့်လိုက်တော့ အိတ်တစ်လုံးထဲမှာ စိတ်ကြွဆေးပြားတွေ ၁၀ လုံးနဲ့ အသုံးအဆောင်ပစ္စည်းပါတွေ့ခဲ့တယ်လို့ one31 သတင်းဌာနကဖော်ပြထားပါတယ်။

 

မြန်မာတစ်ဦးပြောတာကတော့ ခရီးသွားဖို့အတွက် သုံးစွဲရတာဖြစ်တယ်လို့ဆိုပါတယ်။ ဖမ်းဆီးခြင်းခံလိုက်ရတဲ့မြန်မာ ၃၄ ဦးမှာ စမုဆာခွန်ခရိုင် (မဟာချိုင်) ကိုသွားဖို့လာကြိုမည့်ပွဲစားကားကို စောင့်နေရင်းနဲ့ အဖမ်းခံလိုက်ရတာလို့သိရပါတယ်။

 

ထိုနောက် ဖမ်းမိတဲ့နေရာကနေ (ဆော်ဖော်) ပါကျွတ်စီရီခမ်ရဲစခန်းကိုခေါ်သွားပြီး ကိုဗစ်ကူးစက်ခံရမှုရှိ၊ မရှိစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ မြန်မာ ၃၄ ဦးမှာ ပါကျွတ်စီရီခမ်မှာ အလုပ်လုပ်ဖို့လာတဲ့သူတွေရှိသလို၊ စမုဆာခွန်ခရိုင် ပုဇွန်စျေးမှာအလုပ်လုပ်ဖို့လာတဲ့သူတွေပါတယ်လို့ သိရပြီး၊ တစ်ဦီးကို ၁၅၀၀၀-၁၈၀၀၀ အထိကုန်ကျခဲ့တယ်လို့သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS