3 May 2024

,

ခေါင်းတစ်ခြမ်းကိုက်ရောဂါခေါ် မိုင်ဂရိန်း ဟာ အလုပ်လုပ်တဲ့အရွယ် လူလတ်ပိုင်းတွေမှာ အတော်အများ ဖြစ်လေ့ရှိ ပါတယ်။ လေ့လာချက်များအရ ဒုတိယအများဆုံး ဖြစ်ပွားသော ခေါင်းကိုက်ဝေဒနာဖြစ်ပါတယ်။ မိုင်ဂရိန်း ဖြစ်တဲ့အခါမှာ ခေါင်းကိုက်ပျောက်ဆေးသောက်ရင် ပျောက်သလို အခြားနည်းလမ်းများနှင့် မိုက်ဂရိန်း ဖြစ်ခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်။

မိုက်ဂရိန်းဖြစ်ခြင်းကိုသက်သာစေနိုင်တဲ့နည်းလမ်းတွေကတော့

၁. ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပါ

ကိုယ်လက်အင်္ဂါလှုပ်ရှားခြင်းဟာ ဦးနှောက်သို့ သွေးစီးဆင်းမှုကို တိုးစေပါတယ်။ အဲဒီနောက် ခန္ဓာကိုယ်မှ  endorphins ဟော်မုန်းကိုထုတ်လွှတ် တာကြောင့် မိုက်ဂရင်းဖြစ်တာကိုသက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အချိန် ရွရွလေးပြေးပေးခြင်း သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်း ၁၅ မိနစ်ခန့်လုပ်ပေးခြင်းနဲ့ အချိန်တိုတွင်းသက်သာစေမှာပါ။

မိုက်ဂရင်းဖြစ်နေချိန်မှာ အားသုံးပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကိုရှောင်ရှားရပါမယ်နော်။

၂. ရေကိုလုံလုံလောက်လောက်သောက်ပါ။

ပျိုမေတွေအနေနဲ့ ဓမ္မတာလာခါနီးမှာ မိုက်ဂရင်းဖြစ်လေ့ရှိတာဆိုရင်တော့ ရေသောက်နည်းတာကြောင့် ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းတဲ့အခါမှာလည်း မိုက်ဂရင်းဖြစ်တတ်ပါတယ်။

အဲဒီလိုဖြစ်ပြီဆိုရင် ရေများများသောက်ပေးခြင်းနဲ့ မိုက်ဂရင်းဖြစ်ခြင်းကိုသက်သာစေနိုင်ပါတယ်။

၃. ရှူဆေးတောင့်ရှူကြည့်ပါ။

ရှူဆေးတောင့်အတော်ရှူခြင်းက ခေါင်းကိုက်တာကိုသက်သာစေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ မိုက်ဂရင်း မကြာခဏဖြစ်လေ့ရှိတယ်ဆိုရင် ရှူဆေးတောင့်ကို အိတ်မှာ အမြဲဆောင်သွားကြဖို့မမေ့ပါနဲ့နော်။ မိုက်ဂရင်းအနည်းငယ် ဖြစ်လာတဲ့အချိန် ရှူဆေးတောင့်ရှူပေးခြင်းကလည်း မိုက်ဂရင်းဖြစ်ခြင်းကိုသက်သာစေမှာပါ။

၄. ကြွက်သားများဆန့်ကျင်ပေးခြင်း

မိုက်ဂရင်းဖြစ်ပြီဆိုရင် ပုခုံး နှင့် ဇတ်တို့မှာရှိတဲ့ ကြွက်သားတွေဟာ တင်းရိလာလေ့ရှိပါတယ်။ မိုက်ဂရင်းဖြစ်တဲ့အချိန် ပုခုံး နှင့် ဇတ်တို့ကိုတစ်ခါနှိပ်ရင် ၁၀ စက္ကန့်ခန့် ဖိထားပြီးနှိပ်ပေးခြင်းကလည်း မိုက်ဂရင်းဝေဒနာကိုလျော့ချပေးနိုင်ပါတယ်။

မိုက်ဂရင်းနဲ့ အခြားရောဂါဝေဒနာတွေဖြစ်လာရခြင်းက ကျန်းမာရေးကိုအခြေပြုပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ကျန်းမာရေးကောင်းအောင် အစဉ်နေပေးခြင်းနှင့် ရောဂါဝေဒနာမပြင်းထန်ခင် ဆရာဝန်နှင့်ပြသခြင်းက ပိုပြီး အထောက်အကူဖြစ်စေမှာပါ။

SHARE THIS NEWS

OTHER NEWS