29 April 2024

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံ
.
ဇူလိုင် ၄ ရက်၊ ၂၀၂၃
.
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နှင့် တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာတို့ ဇူလိုင် ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ် စားပြုအနေနှင့် အရှေ့တီမောကို ရောက်ရှိ နေစဥ် တီမောလက်စတေးနိုင်ငံသမ္မတထံသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားပေးအပ်ခဲ့ကြောင်း သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ လူမှုကွန်ရက် Facebook တွင် ဖော်ပြခဲ့သည်။
.
တီမောလက်စတေးနိုင်ငံ၏ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း အမျိုး သားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း၊ တီမော လက်စတေးနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာက မိန့်ခွန်းပြောကြားသည့်အခါ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်လာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် တို့ကို ထည့်သွင်း နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
.
မူရင်း : ခေတ်သစ်
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS