9 May 2024

ထိုင်းနိုင်ငံဟာ စီးပွားရေးပြန်လည်နာလန်ထူနေဆဲ အချိန်ဖြစ်တာကြောင့် ထိုင်းနိုင်ငံကို လော့ခ်ဒေါင်းချမှာ မဟုတ်ဘူးလို့ ဒုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး “အနုထင်” က မီဒီယာတွေကိုပြော လိုက်ပါတယ်။

 

အိုမီခရွန်ကိုဗစ်မျိုးကွဲဗိုင်းရပ်သစ် သံသယလူနာ ၁၇ ဦးကို ရတ်ချဝီထီ ဆေးရုံတွင် သွားရောက်တွေ့ဆုံအပြီး ထိုင်းဒုဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီး “အနုထင်” က အိုမီခရွန်ကိုဗစ်မျိုးကွဲဗိုင်းရပ်သစ် ကူးစက်ခံရတဲ့လူနာတွေမှာ ပြင်းထန်ဝေဒနာမတွေ့ရှိကြောင်း နှင့် ရောဂါဟာကူးစက်မြန်ပေမယ့် စိုးရိမ်ရတဲ့အခြေအနမဟုတ်တာကြောင့် ထိုင်းနိုင်ငံကိုလော့ခ်ဒေါင်းချဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

 

ထပ်မံပြီး၎င်းက ရောဂါကူးစက်ခံရတဲ့သူတွေကို မီဒီယာတွေက အိုမီခရွန်မျိုးကွဲသစ်လို့ တံဆိပ်ကပ်နေပေမယ့် သူကတော့ ဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ အမျိုးအစားကို ဆေးသိပ္ပံတက္ကသိုလ်တွေက အဖြေထွက်ရှိမှသာလျင် အတည်ပြု ခေါ်ဆိုနိုင်မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။

 

နိုင်ငံတွင်း ကူးစက်ရောဂါစည်းကမ်းတွေကို တင်းကျပ်ဖို့ အလားအလာရှိပေမယ့် အခုမဟုတ်သေးဘူးလို့ သူကပြောပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခွင့်ကိုတော့ အာဖရိကတိုက်အတွင်းက နိုင်ငံ ၈ နိုင်ငံကို ပိတ်ပင်ထားပြီး အခြားနိုင်ငံတွေက ထပ်မံ ဝင်ရောက်လာတဲ့ ခရီးသွားတွေကို အဆင့်ဆင့် RT-PCR စစ်ဆေးပြီးမှ ဝင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

နောက်ဆုံးအနေနဲ့ “အနုထင်” က အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ဟာ အနှေးနှင့်အမြန် ထိုင်းနိုင်ငံကို ရောက်ရှိလာမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြဖို့ထက် ပြင်ဆင်သင့်တာ ပြင်ဆင်ကြဖို့၊ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းစဉ်တွေကို အမြန်စီစဉ်ဆောင်ရွက် လိုက်နာဖို့ ပြောဆိုခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS