28 April 2024

အမေရိကန် ကျောထောက်နောက်ခံ အသေးစားချေးငွေလုပ်ငန်း မြန်မာမှထွက်ခွာ
.
ဇွန် ၂၈ ရက်၊ ၂၀၂၃
.
မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်း အောင်မြင်လျက်ရှိသော Pact Myanmar ခေါ် Pact Myanmar ခေါ် Pact Global Microfinance Fund ၏ အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို လွှဲ ပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးတောင်းခံလာသည့်အတွက် လုပ်ငန်းများရုပ် သိမ်းထွက်ခွာ ခြင်းဖြစ်ကြောင်း PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က တရားဝင် ‌ကြေညာချက် ထုတ်ပြန်သည်။
.
၂၅ နှစ်တိုင်အောင် အမျိုးသမီးတောင်သူများထံ အသေးစားချေးငွေများ ပေးအပ်ခဲ့ သည့် PGMF သည် ဇွန် ၃၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း လုပ်ငန်း လည်ပတ်မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း၊ အ ဖွဲ့ကို မှတ်ပုံတင်ခွင့်ပြုရန် စစ်ကောင်စီက ငြင်းဆန်သည့်အပြင် နိုင်ငံကထွက်လျှင်ထွက် ၊ မထွက်လျှင် တရားမဝင်လုပ်ငန်းလည်ပတ်ရန် ဖိအားပေးခဲ့ကြောင်းသူက ပြောသည်။
.
“ကျွန်မတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်တော့ ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုဖို့ မြန်မာစစ်တပ်ကိုနားချခဲ့ပါတယ်။ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် စစ်တပ်က နိုင်ငံ ကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင်လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ်။” ဟု PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က ပြောသည်ဟု ရန်ကုန်ခေတ်သစ် က ဖော်ပြထားသည်။
.
“Pact Global Microfinance Fund ( PGMF) မြန်မာတွေ သိများကြတာက Pact Myanmar မနေ့က မြန်မာနိုင်ငံက ထွက်ခွာတော့မယ့်အကြောင်း သတင်းတွေ့ရတယ်။ သူ့ရဲ့ အဓိက ရန်ပုံငွေထောက်ပံ့သူက USAID ဖြစ်တော့ကာ ဆန်ရှင်မူဝါဒတွေကြောင့်လည်း ဖြစ်နိုင်သလို၊ အသင်းအဖွဲ့ မှတ်ပုံတင်ရေး ခက်ခဲ လွန်းလို့ ဆိုတာမျိုးလည်း ပြောသံကြားရပါတယ်။ လူ ၄,၀၀၀ လောက်တော့ အလုပ်အကိုင် မဲ့သွားနိုင် ပါတယ်” ဟု ဆရာအောင်သူငြိမ်းက ဖော်ပြထားသည်။
.
“၂၀၁၉ စာရင်းတခုအရ မြန်မာနိုင်ငံမှာ INGO တွေက လုပ်တဲ့ အသေးစား ငွေချေးလုပ်ငန်း ၃ ခု၊ NGO တွေက လုပ်တာ ၁၅ ခု၊ နိုင်ငံခြားကုမ္ပဏီတွေက လုပ်တာ ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီတွေက လုပ်တာ ၁၁၂ ခု၊ ဖက်စပ်လုပ်ငန်း အဖြစ် ၆ ခု (စုစုပေါင်း ၁၈၉ ခု) ရှိတယ်လို့ ဆိုပါတယ်။ ဒီလို အသေးစား ငွေချေး လုပ်ငန်းတွေရော၊ ချေးသူ ပြန်ဆပ်သူတွေရော အဆင်ပြေကြသလားဗျ” ဟု ဆက်လက်ဖော်ပြထား သည်။
.
Photo: Pact Myanmar
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS