10 May 2024

စမွတ်ဆာခွန်တွင် တရားမဝင်မြန်မာတဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိ
.
ဇူလိုင် ၂၉ ရက်၊ ၂၀၂၃
.
လွန်ခဲ့သော ဇူလိုင်လ ၂၆ ရက်နေ့တွင် စမွတ်ဆာခွန်နယ်မြေရဲစခန်းမှ ကင်းလှည့်တပ်ဖွဲ့က တရားမဝင်မြန်မာ တဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆ လုံး ဖမ်းဆီးရမိခဲ့သည်ဟု နယ်မြေခံသတင်းပေ့ချ်တခုက ဖော်ပြထား သည်။
.
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ (၂၀၂၃) တွင် စမွတ်ဆာခွန်နယ်မြေရဲစခန်းမှ ယာဉ်ထိန်းရဲတပ်ဖွဲ့က နယ်မြေကင်း လှည့်စစ်ဆေးစဉ် စမွတ်ဆာခွန်မြို့နယ်၊ မဟာချိုင်းကျေးရွာအုပ်စု၊ ဝိချင်ယန်ချိုဒွတ်လမ်းအရောက်တွင် ဗညားဦး ဆိုသူမြန်မာအမျိုးသားတဦးက ဟွန်ဒါဒရင်းမ်မော်တော်ဆိုင်ကယ်တစီးကို မောင်းနှင်လာသည်ကို တွေ့ရှိရပြီး ကင်းလှည်းတပ်ဖွဲ့ကို မြင်သောအခါ မော်တော်ဆိုင်ကယ်ကို ဘယ်ဝိုက်ဘာဝိုက်လုပ်ပြီး မောင်းပြေးရန်တွေ့ရှိရ ခြင်းကြောင့် သင်ကာမကင်းဖြစ်၍ ဖမ်းတားလိုက်ပြီး စစ်ဆေးခဲ့သည်ဟု ဖော်ပြထားသည်။
.
ဗညားဦးကို စစ်ဆေးရှာဖွေရာက ဘောင်းဘီခါးတွင်လိမ့်ထားသော နေကြာစေ့ထုပ်နှင့်ခေါက်ဆွဲခြောက်ထုပ်ဖြင့် နှစ်ထပ်ဝှက်ထားသော စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ထုပ်၊ ၁ ထုပ်လျှင် ၁၉၈ လုံး၊ စုစုပေါင်း ၃၉၆ လုံးကို တွေ့ရှိခဲ့၍ ၎င်းအား မူးယစ်ဆေးဝါး ရောင်းချရန် လက်ဝယ်ကိုင်ဆောင်ထားမှုဖြင့် ကနဦးစွဲချက်တင်လိုက်ပြီး ဖမ်းဆီးလိုက်သည်ဟု ဖော်ပြထားသည်။
.
ထို့နောက် အထောက်အထားစစ်ဆေးရာတွင် ၎င်းကိုင်ဆောင်ထားသောအထောက်အထားများမှာ သက်တမ်း ကုန်ဆုံးနေ၍ တရားမဝင်နေထိုင်သည့်ပြစ်မှုဖြင့် ထပ်မံစွဲချက်တင်ထားပြီး တရားဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရန်အတွက် စမွတ်ဆာခွန်နယ်နမြရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံ အပ်နှံထားသည်ဟု ဆက်လက် ဖော်ပြထားသည်။
.
Photo: บริษัท มหาชัยเคเบิลทีวี จำกัด (สุเมธ/ภาพ/ข่าว)
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS