12 May 2024

ထိုင်းနိုင်ငံတွင် ဝက်သားဈေးစံချိန်တင်မြင့်တက်နေသည့်ပြဿနာကိုဖြေရှင်းရန် ဝက်အရှင်တင်ပို့မှုကို ၃ လကြာရပ်ဆိုင်းထားရန် ထိုင်းတော်ဝင်ပြန်တမ်းထုတ်ပြန်။

ထိုင်းနိုင်ငံတွင် ဝက်ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ဝက်မွေးမြူရေးလုပ်ငန်းရှင်များက ဝက်အကောင်ရေလျှော့ချမွေးမြူရာမှ ဝက်အကောင်ရေ ၃ သန်းကျဆင်းခဲ့ပြီးနောက် ဈေးကွက်ထဲတွင် ဝက်သား ၁ ကီလိုဂရမ်လျင် ၂၂၀ ဘတ် မှ ၃၀၀ ဘတ်အထိမြင့်တက်သွားကာ ဝက်သားဖြင့်ပြုလုပ်သောအစားအသောက် မီနူးအားလုံးနီးပါး ၁၀ ဘတ် မှ ၁၅ ဘတ်အထိဈေးတက်သွား၍ အချိန်မီပြဿနာဖြေရှင်းနိုင်ရန် ဝက်အရှင်တင်ပို့မှုကို ၃ လကြာရပ်ဆိုင်းထားရန် ထိုင်းကုန်သွယ်ရေးဝန်ကြီး ကျူရင် လက္ခဏာဝိသစ် လက်မှတ်ဖြင့် ထိုင်းတော်ဝန်ပြန်တမ်းက ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်ကြောညာခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်တွင် ဝက်မွေးမြူရေးလုပ်ငန်းရှင် ၁.၉ သိန်းရှိပြီး နှစ်စဉ်ဝက်အကောင်ရေ ၂၀ သန်းခန့်ထုတ်လုပ်နိုင်သည်ဟု သိရသည်။ အကြီးစားနှင့်အလတ်စားလုပ်ငန်းရှင် ၁ သောင်းခန့်က ဝက်အကောင်ရေ ၁၀ သန်းထုတ်လုပ်နိုင်ပြီး အသေးစားလုပ်ငန်းရှင် ၁.၈ သိန်းရှိသည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS