4 May 2024

အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာ တန်ဂါရာ (Nusa Tenggara) ခရိုင်တွင် ပြင်းအား ၇.၅ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီအန္တရာယ်သတိပေး။

 

ယနေ့မနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာ တန်ဂါရာခရိုင်တွင် ပြင်းအား ၇.၅ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားမိုးလေဝသဌာနမှ အများပြည်သူအား ဆူနာမီအန္တရာယ်သတိပေးထားသည်ဟု ထိုင်းရတ်သတင်းဌာနကဖော်ပြထားသည်။

 

တချိန်တည်းတွင် ထိုင်းစံတော်ချိန် ၁၀.၂၀ နာရီခန့်တွင် အင်ဒိုနီးရှားနိုင်ငံ ဖလိုရက်စ်ကျွန်းမြောက်ပိုင်းရှိ ဖလိုရက်စ်ပင်လယ်တွင် အနက်ပေ ၁၈.၅ ကီလိုမီတာမှ ပြင်းအား ၇.၆ မဂ္ဂနီကျုရှိငလျင်လှုပ်ခတ်ခဲ့သည် ဟုသည် အမေရိကန်ဘူမိဗေလေ့လာရေးဗျူရိုမှဖော်ပြထားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS