14 May 2024

ထိုင်းတွင် ပထမဆုံးပြည်တွင်းဖြစ်အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ လူနာတွေ့ရှိ၊ ထိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီးနိုင်ဂျီးရီးယားနိုင်ငံမှလာခဲ့သည့်ခင်ပွန်းဖြစ်သူ ကိုလံဘီယာနိုင်ငံသားထံမှတဆင့် ကူးစက်ခံရဟု ဆို။

 

ထိုင်းနိုင်ငံတွင် ပထမဆုံးပြည်တွင်းဖြစ်အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ လူနာတစ်ဦးကိုတွေ့ရှိပြီဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်တွင် အတည်ပြုထုတ်ပြန်ထားပြီး အသက် ၄၆ နှစ်ရှိထိုင်းအမျိုးသမီးတစ်ဦးဖြစ်ကာ နိုင်ဂျီးရီးယားနိုင်ငံမှလာခဲ့သော ခင်ပွန်းဖြစ်သူ ကိုလံယီယာနိုင်ငံသား လေယာဉ်မှူးထံမှတဆင့်ကူးစက်ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

၎င်းတို့နှစ်ဦးစလုံးသည် အက်ထရာဇေနေဂါကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသူများဖြစ်ကြပြီး ခင်ပွန်း ဖြစ်သူသည်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံမှလာခဲ့သူများကို ပြည်ဝင်ခွင့်မပိတ်မီ နိုဝင်ဘာ ၂၆ ရက်နေ့တွင် sandbox စနစ်ဖြင့် ထိုင်းနိုင်ငံကိုဆိုက်ရောက်လာခဲ့သည်ဟု ဆိုသည်။

 

ဆိုက်ရောက်သည့်နေ့တွင် RT-PCR စနစ်ဖြင့် ပိုးစစ်ဆေးချက်အရ အနုတ်ပြ၍ ဟိုတယ်အပြင်ထွက်နိုင်သည့် sandbox စနစ်အောက်တွင် နေထိုင်ရသည်ဟု ဖော်ပြထားသည်။

 

၎င်းတို့နှင့်ထိတွေ့ခဲ့သူများကို ကျန်းမာရေးဝန်ကြီးဌာနကခြေရာခံ၍လိုက်လံစောင့်ကြည့်နေသည်ဟုသိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS