14 May 2024

ထိုင်းတွင် ဆီအုန်းသီး ၁ ကီလိုဂရမ် ၁၁.၇ ဘတ်ရှိလာပြီးနောက် စားအုန်းဆီ ၁ ဘူး ၇၀ ဘတ်ရှိလာ၊ ထိုင်းပြည်သူများကစားအုန်းဆီကို ကမ္ဘာ့ဈေးကွက်ထက် ၁၂ ဘတ်ပိုပေးနေရ။

ထိုင်းတွင် ဆီအုန်းစားဆီ ၁ ဘူးကို အစိုးရသတ်မှတ်ထားသည့် ၅၅ ဘတ်ထက်ပိုပေး၍ ဝယ်ယူနေရပြီး ကုန်တိုက်များတွင် ၁ လီတာဝင်စားအုန်းဆီ ၁ ဘူးကို ၅၉ ဘတ်ဖြင့်ရောင်းချနေပြီး လူတစ်ဦးကို ၆ ဘူးသာရောင်းချပေးနေပြီး၊ ရပ်ကွက်ထဲရှိကုန်စုံဆိုင်များ၊ လက်လီဆိုင်များတွင် ၆၂ ဘတ် မှ ၆၇ ဘတ် ပေး၍ ဝယ်နေရသည်ဟု သိရသည်။

ထိုသို့ဈေးခုန်တက်သွားသည့်အကြောင်းရင်းမှာ စားအုန်းဆီစိမ်း ၁ ကီလိုဂရမ်လျင် ၅၆ ဘတ်မှ ၅၇ ဘတ်အထိဈေးမြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ထက် ၁၂ ဘတ် မှ ၁၃ ဘတ်အထိပိုပေးနေရသည်ဟု သိရသည်။

နောက်ဆုံးရအချက်အလက်အရ မလေးရှားတွင် စားအုန်းဆီစိမ်း ၁ တန်လျင် ၅,၄၂၅ ရင်းဂစ်သာရောင်းချနေပြီး ၁ ကီလိုဂရမ်လျင် ၄၃ ဘတ် မှ ၄၄ ဘတ်ကျသည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် ဆီအုန်းသီးထုတ်လုပ်နိုင်သော်လည်း စားအုန်းဆီကို ကမ္ဘာ့ဈေးကွက်ထက် များစွာဈေးပိုပေးနေရကာ ထိုင်းဆီအုန်းသီး ၁ ကီလိုဂရမ်လျင် ၁၁.၇၀ ဘတ်ရှိလာသည်ဟု ဆိုသည်။

 

 

ထို့ပြင် ရှေ့လအထိစားအုန်းဆီဈေးဆက်လက်တက်လာရန်အလားအလာရှိသည်ဟုသိရသည်။ စားအုန်းဆီစိမ်းဈေးနှုန်း ၅၆ ဘတ် မှ ၅၇ ဘတ်ရှိလာလျင် ၁ ဘူးကို ၇၀ ဘတ်ထက်ပိုပေးရဖွယ်ရှိနေသည်ဟု ဆိုသည်။

စားအုန်းဆီဈေးနှုန်းမြင့်တက်နေသည့်ပြဿနာကိုဖြေရှင်းရန် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနအား စားအုန်းဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးအဖြေရှာရန် ထိုင်းဒုဝန်ကြီးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျူရင် လတ်စနဝီစစ် က ညွှန်ကြားထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS