3 May 2024

၂၀၂၁ အောက်တိုဘာလ ၂၇ ရက်နေ့က အထောက်အထားမဲ့မြန်မာနိုင်ငံသား၁၀ ဦးကို တင်ဆောင်လာတဲ့ အရေးပေါ်ကားတစ်စီးကို ရနောင်း-ချွန်‌ဖော် လမ်းမကြီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ အရေးပေါ်ကားတစ်စီးဟာ အရေးပေါ်မီးတွေဖွင့်ပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့်လို့ တာဝန်ကျ စစ်သားတစ်ဦးဟာ အဆိုပါကယ်ဆယ်ရေးကားဟာ ဒေသထဲက ကယ်ဆယ်ရေးကားမဟုတ်မှန်းရိပ်မိခဲ့ရာက စစ်ဆေးကြည့်ခဲ့ရာ အာဏာပိုင်တွေကို မျက်စိလှည့်ရန် PPE ဝတ်စုံဝတ်ပြီး အထောက်အထားမဲ့မြန်မာနိုင်ငံသား ၁၀ ဦးကို ဘန်ကောက်သို့ပို့ဆောင်ရန် အရေးပေါ်ကားနောက်ခန်းမှာ တင်ဆောင်လာတဲ့ ထိုင်းလူမျိုးယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

 

 

ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့မြန်မာနိုင်ငံသား ၁၀ ဦးဟာ အသက် ၁၈-၃၉ နှစ်ဝန်းကျင်ရှိပြီး ကျား ၃ ဦး မ ၇ ဦးလို့သိရပါတယ်။ အများစုက နေပြည်တော်ကလာကြတာလို့ထွက်ဆိုပြီး ရနောင်းကတစ်ဆင့် ဘန်ကောက်ကိုလာရန် တစ်ဦးကိုဘတ် ၁၄၀၀၀ ပေးပြီးအရဲစွန့်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။

 

အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ယာဉ်မောင်း ၂ ဦးကို ကရဘူရီရဲစခန်း သို့ပို့ဆောင်စစ်ဆေးနေပြီး အရေးယူဆောင်ရွက်ပြီးရင် ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့မြန်မာ ၁၀ ဦးကို နေရပ်ပြန် ပို့သွားမှာဖြစ်ပြီး ယာဉ်မောင်း ၂ ဦးကိုတော့ ကယ်ဆယ်ရေးပရဟိတအသင်းရဲ့ဝန်ထမ်းဟုတ်မဟုတ်နှင့် ၎င်းတို့မောင်းနှင့် လာတဲ့ကားဟာ ကယ်ဆယ်ရေးကားအသွင်းပြောင်းပြင်ဆင်ထားတာဟုတ်မဟုတ်ကိုဆက်လက်စစ်ဆေးကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

SHARE THIS NEWS

OTHER NEWS