3 May 2024

,

ကောက် ဂျီလာယုနဲ့အမေကွေးတို့သားမိနှစ်ယောက်ကတော့သူငယ်ချင်းဆိုလဲဟုတ်အမေနဲ့သားဆိုလဲဟုတ်သားဘာပဲလုပ်လုပ်အမေကနဘေးကနေအမြဲပံ့ပိုးပေးခဲ့ပြီးအခုလဲလာမဲ့သားရဲ့မွေးနေ့မှာသားလေးအေးအေးဆေးဆေးအလည်သွားနားယူရန်အတွက်အမေကွေးကအိမ်ကားလေးအကြီးကြီးနဲ့ surprise လုပ်ပေးခဲ့ပါတယ်။Kao Jirayu youTube မှာလဲအမေကွေး ကအိမ်ကားလေးကိုအိမ်အရှေ့ထိမောင်းလာပြီး surpriseလုပ်ခဲ့ပါတယ်။

ကောက် ကအိမ်ရှေ့ကိုကားရောက်လာတာမြင်တာနဲ့အရမ်းစိတ်လှုပ်ရှားခဲ့ပြီးငယ်ငယ်တုန်းကအိမ်ကားလိုချင်တဲ့အကြောင်းလေးကိုပြောပြခဲ့ပါတယ်အတူတူလုပ်လုပ်ခဲ့တဲ့ရုပ်ရှင်မင်းသားကြီးတစ်ယောက်ဆီမှာအိမ်ကားရှိခဲ့ပြီးအဲဒီကားပေါ်မှာညဘက်အိပ်စောင့်ပြီးနေ့ဘက်အလုပ်လုပ်အဲလိုဆိုဘယ်လောက်ကောင်းမလဲလို့တွေးမိတဲ့အကြောင်းပြောပြခဲ့ပါတယ်။အမေကွေး အခုမှဝယ်ပေးတာလဲရုပ်ရှင်ရိုက်လို့မပြီးဘူးဆိုရင်အိမ်မပြန်ဘဲကားပေါ်မှာအိပ်ပြီးနိုးလာတာနဲအလုပ်လုပ်လို့ရပြီဆိုပြီးပြောပါတယ်။

SHARE THIS NEWS

OTHER NEWS