3 May 2024

,

Alec ကို သူ့ရဲ့ဖန်တွေက မြို့လည်ခေါင်ကကြေညာဆိုင်းဘုတ်မှာ “Happy Birthday” ဆိုပြီး ကြေညာဆိုင်းဘုတ် အကြီးကြီးချိတ်ပေးခဲ့သလို သုံးဘီဆိုင်ကယ်တွေမှာလည်း ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဆိုပြီး ဆိုင်းဘုတ်တွေ ကပ်ပေးခဲ့ပါတယ်။

မွေးနေ့ပိုင်ရှင်မင်းသားကတော့ အဲဒီလို suprise ပေးခဲ့တဲ့အတွက် မွေးနေ့အမှတ်တရကို အခုလိုပြောပါတယ်။ “ဒီနှစ်မွေးနေ့ကထူးခြားတယ် ကျွန်တော်ရဲ့ဖန် @tlek_fc တွေက မွေးနေ့ ပရိုဂျက်လုပ်ပေးခဲ့တယ်။ တကယ်အချစ်စစ်နဲ့ သူတို့ ကျွန်တော့်ကို အမြဲအားပေးနေခဲ့ကြတာပါ ကျွန်တော်ဘာကိုမှ ထွေထွေထူးထူးမလိုအပ်တော့ပါဘူး ကျွန်တော်ရရှိခဲ့တဲ့ ဒီလောက်တင်နဲ့ပဲ အများကြီးဖြစ်နေပါပြီ” လို့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

ါပေမဲ့ ငြင်းပယ်လို့မရပါဘူး။ဒီအပြုမူတွေက လူကိုကျေနပ်မှုရှိပြီးတော့ ပြုံးပျော်စေပါ တယ်။အားလုံးကိုလဲကျေးဇူးတင်ပြီးတော့ချစ်ပါတယ်။အခုရက်ပိုင်းမှာ သွားလားရင်းနဲ့ ပရိုဂျက်တာဓာတ်ပုံတွေကို Tuktuk, LED, Cup sleeve ပေါ်မှာတွေ့မိရင် ဓာတ်ပုံရိုက် ပြီးတော့ ကြွားနိုင်ပါတယ်။

ညတုန်းက Online Meeting မှာအရမ်းပျော်ရွှင်ခဲ့ပါတယ်။အော်ရတာ အသံပါပျောက်တယ်။ အပြင်မှာမတွေ့ရပေမဲ့လဲတကယ့်ကိုပျော်ပြီးတော့ နွေးနွေးထွေးထွေးရှိပါတယ်နော်။

ဘယ်မှာရှိလဲ။ကိုယ့်ဘာကိုယ် ကိတ်သွားဝယ် မီးပိတ် ဖယောင်းတိုင်ထွန်း ပြီးတော့ suprise လုပ်ပြီး သီချင်းဆို 555555 ဒါပေမဲ့လဲ အားလုံးနဲ့အတူတူ ကိတ်မီးမှုတ် ရပါတယ်။ဒါ့အပြင် အိမ်ကလူတွေဆီကနေ suprise ရတဲ့အတွက်ပျော်ရွှင်မိပါတယ်။

စတဲ့ ကွန်မန်းများကို ဖန်များနဲ့သူငယ်ချင်းတွေက ကွန့်မန့်မှာ မွေးနေ့ဆုတောင်းတွေကို လာရောက် ရေးပေးခဲ့ ကြပါတယ်။

SHARE THIS NEWS

OTHER NEWS