28 April 2024

Pita ကို ဝန်ကြီးချုပ်နေရာ ဒုတိယအကြိမ်အဆိုပြုချက် ပယ်ချခံရပြီး အမတ်တာဝန် ဆိုင်းငံ့ခံရ
.
ဇူလိုင် ၁၉ ရက်၊ ၂၀၂၃
.
ယနေ့ (၁၉-၇-၂၀၂၃) တွင် ကျင်းပသော ထိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် Pita ကို ဝန်ကြီးချုပ် နေရာအတွက် ဒုတိယအကြိမ်အဆိုပြုချက် လွှတ်တော်ဆန္ဒမဲဖြင့်ပယ်ချခံရပြီး မီဒီယာအစုရှယ်ယာ ပိုင် ဆိုင်မှုကြောင့် အမတ်တာဝန်မှ ဆိုင်းငံ့ခံလိုက်ရသည်ဟု ထိုင်းသတင်းဌာနအသီးသီးက ဖော်ပြသည်။
.
ယနေ့တွင် ကျင်းပခဲ့သော ထိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် Pita ကို ဝန်ကြီးချုပ်နေရာအတွက် ဒုတိယအကြိမ်အဆိုပြုသည့်အဆိုနှင့်ပတ်သက်ပြီး ယခင်ကတကြိမ်အဆိုပြုထားပြီဖြစ်သော အဆို ဟောင်း ဖြစ်သည့်အတွက် ယင်းအဆိုအား ပယ်ချသင့်မသင့်ကို ယနေ့ညနေ ၄ နာရီ ၅၅ မိနစ်အချိန်၌ အထက်လွှတ်တော်အမတ်နှင့် အောက်လွှတ်တော်အမတ်စုစုပေါင်း ၇၄၈ ဦးတို့က မဲခွဲဆုံးဖြတ်ခဲ့ကြ သည်။
.
ထိုသို့မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၉၅ မဲ (ပယ်ချသင့်)၊ ကန့်ကွက်မဲ ၃၁၂ မဲ (မပယ်ချသင့်)၊ ကြား နေမဲ ၈ မဲ၊ မဲမပေးသူ ၁ ဦး ရှိခဲ့၍ ထောက်ခံမဲအရေအတွက်မှာ တဝက် (၃၇၄ မဲ) ကျော်လွန်ခြင်းကြောင့် Pita အား ဝန်ကြီးချုပ်နေရာအတွက် ဒုတိယအကြိမ်အဆိုပြုသည့်အဆို ပယ်ချခံခဲ့ရသည်။
.
ထို့အပြင် မီဒီယာအစုရှယ်ယာပိုင်ဆိုင်မှုကြောင့် ထိုင်းရှေ့သို့လှမ်းချီပါတီမှ ပါတီလစ်အမတ်တဦးဖြစ်သူ Pita အား တာဝန်မှချက်ချင်းဆိုင်းငံ့ပေးရန် ထိုင်းရွေးကော်မှ ထိုင်းဖွဲ့စည်းပုံခုံရုံးထံ အဆိုပြုထားချက်နှင့် ပတ်သက်ပြီး ယနေ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ထိုင်းဖွဲ့စည်းပုံခုံရုံးမှ ၇ မဲ ၂ မဲဖြင့် တညီတညွတ် တည်း ထောက်ခံခဲ့ခြင်းကြောင့် ယနေ့ (၁၉-၇-၂၀၂၃) မှစ၍ ဖွဲ့စည်းပုံခုံရုံးမှ စီရင်ချက်မချသ၍ Pita အား အမတ်တာဝန်မှ ဆိုင်းငံ့လိုက်သည် ဟု သိရသည်။
.

SHARE THIS NEWS

OTHER NEWS