10 May 2024

ကိုဗစ်ကူးစက်ခံရဖူးသူတိုင်း ပိုးတွေကလုံးဝပျောက်သွားတာမရှိတဲ့အတွက်၊ အကယ်၍ အဖျားရှိလာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အရသာပျက်စီးခြင်းစတဲ့လက္ခဏာတွေရှိလာမယ်ဆိုရင် ကျန်းမာရေးမှူးတွေနဲ့ အမြန်ဆုံးတိုင်ပင်ပါ။

 

ထိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရဒေါက်တာ “ဆိုဖွန် အင်စီထာဝေါင်”မှ “လက်ရှိမှာတော့ ကိုဗစ်ကူးစက်ခံနေရတဲ့ လူနာတွေ နေ့စဥ်ပျောက်ကင်းလူတွေဟာများသထက် များလာတာတွေ့နေရပါတယ်။ ခန္ဓာကိုယ်တွေထဲမှာလဲ ပိုးတွေကင်းစင်သလောက်စစ်ဆေးချက်အရသိရပေမယ့် ကိုဗစ်ပိုးတွေဟာ လုံးဝမရှိတော့တာမဟုတ်ပါဘူး။ ဒီကိစ္စကို (World Health Organization : WHO) က (Long COVID) လို့ ခေါ်ဆိုလာတာတွေ့နေရပါတယ်။ ဆ်ိုလိုတာက ကိုဗစ်ကူးစက်ခံရဖူးသူတွေဟာ ဗိုင်းရပ်စ်ပိုးတွေကရေရှည် ခန္ဓာကိုယ်ထဲမှာအောင်းပြီးရှိနေတတ်ပါတယ်။ လုံးဝကင်းစင်သွားတာတော့မဟုတ်ပါဘူးလို့ ဆ်ိုလိုပါတယ်။

 

ပျောက်ကင်းပြီး ၁-၃ လအကြာလောက်မှာပြန်ဖြစ်တတ်တဲ့နှုန်း က ၃၀-၅၀% ရှိလာတာတွေ့နေရပါတယ်။ ကိုဗစ်ကူးစက်ခံရဖူးတဲ့ဝေဒနာသည်တွေဟာလဲ စိတ်ဓါတ်ကျခြင်းလက္ခဏာ၊ ချောင်းဆိုတတ်ခြင်း၊ အဖျားရှိလာတတ်ခြင်း၊ ခေါင်းကိုက်တတ်ခြင်းနှင့်အရသာပျက်စီးခြင်းစတဲ့လက္ခဏာတွေဖြစ်လာတတ်ပြီး။

.

အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုတွေ့ရလေ့ရှိပါတယ်။ပြီးတော့ ကိုယ်ခံအားကျဆင်းခြင်း၊ စိုးရိမ်ပူပန်မှုများဖြစ်လာတတ်ခြင်းအပါအဝင် ပုံမှန်ထက် သမာဓိအားနည်းလာတတ်ခြင်း၊ စိတ်ဓါတ်ကျရောဂါတွေလဲ နောက်ဆက်တွဲရောဂါဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ကိုဗစ်ကူးစက်ခံရကတည်းက ရောဂါဆိုးဆိုးဝါးဝါးဖြစ်ပြီး ပျောက်ကင်းသွားသူတွေမှာတွေ့ရတယ်လို့” ပြောသွားပါတယ်။ အကယ်၍ ကိုဗစ်ဝေဒနာသည်များဟာ အထက်ဖော်ပြပါ။ လက္ခဏာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် ကျန်းမာရေးမှူးတွေနဲ့ အမြန်ဆုံးတိုင်ပင်ကြပါလို့ ထည့်သွင်းပြောသွားပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ အချက်အလက်-สำนักข่าวกรมประชาสัมพันธ์

SHARE THIS NEWS

OTHER NEWS