6 May 2024

,

 ဝလင်စွာအိမ်စက်နိုင်ခြင်းက ကျန်းမာရေးအတွက် လွန်စွာမှအထောက်အကူပြုပါတယ်။ မြို့ပြမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူအများစုက အိပ်ရေးပျက်ခြင်းကအစပြုပြီး “ညအိပ်မပျော်တဲ့ရောဂါ” Insomnia ဖြစ်လေ့ရှိကြပါတယ်။ တစ်ညလုံးအိပ်ရးမဝဘဲ နေ့သစ်မှာ အလုပ်တွေနဲ့ ဆက်ပြီးရုန်းကန်နေရရင် ရည်ရှည်မှာ မလိုလားအပ်တဲ့ရောဂါဝေဒနာတွေ ခံစားရစေနိုင်ပါတယ်။

ဘာကြောင့်အိပ်မပျော်တာလဲ

– စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်၊ ဖိအားများနှင့် စိတ်ကျရောဂါခံစားနေရခြင်း

– ဗိုက်နာခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အသက်ရှုူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရခြင်း

– လင်းထိန်ပြီး ဆူညံတဲ့ ပတ်ဝန်းကျင်ကြောင့် အိပ်မပျော်ခြင်း

– အဲလ်ကိုဟော၊ ကဖင်း၊ ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းကြောင့် အိပ်မပျော်ခြင်း

– ဗိုက်ထဲမှာအစာမရှိတာကြောင့်အိပ်နေချိန်မကြာခဏ လန့်နိုးခြင်း

– အတွေးများလွန်းတာကြောင့် အိပ်မက်ဆိုးတွေမက်လေ့ရှိခြင်း

– အချိန်ပြောင်းလဲလုပ်ရတဲ့အလုပ်ကြောင့် မျက်စိကျင့်သားရပြီး အိပ်မပျော်ခြင်း

အိပ်မပျော်တဲ့ဝေဒနာကိုဖြေရှင်းနည်း

-အိပ်ငိုက်တာနဲ့ချက်ခြင်းအိပ်ပါ နေ့စဉ်အချိန်မှန်အိပ်နိုင်ဖို့ အကျင့်လုပ်ပါ

– နေ့ခင်းဘက်အိပ်ခြင်းကိုရှောင်ပါ သို့မဟုတ် နေ့လည်ဘက်အိပ်ဆေးသောက်အိပ်ခြင်းကိုရှောင်ကြဉ်ပါ

-မအိပ်ခင်လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ ရေပူဖြင့်ရေချိုးပြီးအိပ်ခြင်းက အကြောတွေကိုဖြေလျော့ပေးနိုင်ပြီး အိပ်ပျော်စေနိုင်ပါတယ်

-သင့်လျော်တဲ့အိပ်ရာကိုရွေးချယ်ပြီး အိပ်ခြင်းကလည်းအိပ်ပျော်ရလွယ်စေပါတယ်။ အရမ်းမြင့်တဲ့ခေါင်းအုံးအသုံးပြု ခြင်းကိုရှောင်ပါ

-မအိပ်ခင်အစာကြေရလွယ်တဲ့အစားအစာတွေကိုသာရွေးချယ်စားသုံးပါ

– ကဖင်းဓာတ်ပါတဲ့ရာတွေကိုလျော့ပေါ့စားသုံးပါ

-မအိပ်ခင်စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်း စတာတွေကလည်း အိပ်ပျော်ဖို့အထောက်အကူပြုစေမှာပါ

– မအိပ်ခင်အရမ်းအတွေးများခြင်းကိုရှောင်ပါ

– မိမိကြိုက်နှစ်သက်တဲ့ အနံလေးတွေကို ရွေးချယ်ပြီး အခန်းမှာထားရှိခြင်းကလည်း အိပ်ပျော်စေမှာပါ

-နေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း ကျန်းမာရေးအတွက်အထောက်အကူပြုပြီး အိပ်ပျော်စေမှာပါ

လုံလုံလောက်လောက်အနားမယူတဲ့အခါခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေကာအမျိုးမျိုးသော အကျိုးသက်ရောက်မှူများကိုဖြစ်ပေါ်စေပါတယ်။ အိပ်မပျော်ရခြင်းက နှလုံးသွးကြောစနစ်ပြဿနာ များနှင့်လည်းသက်ဆိုင်တာကြောင့် ဖေါ်ပြပါအချက်များလုပ်ကြည့်ပြီးမှ မသက်သာရင်တော့ ဆေးရုံဆေးခန်းသွားပြသင့်ပါတယ်။

SHARE THIS NEWS

OTHER NEWS