3 May 2024

ပြည်တွင်းပြည်ပကို လေကြောင်းဖြင့်ခရီးသွားမည့်သူများ ဆေးဘက်ဆိုင်ရာနှာခေါင်းစည်းတစ်မျိုးတည်းတပ်ရမည်ဟု ထိုင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုရုံး ဆို။

 

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ(၁)ရက်နေ့က လေကြောင်းခရီးဖြင့်နိုင်ငံခြားသားဝင်ရောက်လည်ပတ် ခွင့်ပြုလိုက်ပြီးနောက် ထိုင်းနိုင်ငံရှိအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ခရီးသွားဝင်ရောက်မှုတဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့်လေယာဉ်ပေါ်နှင့်လေဆိပ်တွင် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေမြင့်မားစေ၍အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ချုပ် (ICAO) ၏ ညွှန်ကြားချက်အရ လေဆိပ်နှင့်လေယာဉ်ပေါ်တွင် ဆေးဘက်သုံးနှာခေါင်းစည်းတစ်မျိုးတည်းတပ်ရမည့်ထုတ်ပြန်ချက်တစ်ခုကို မကြာမီထုတ်ပြန်သွားမည်ဟု ထိုင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုရုံးက ဆိုသည်။

 

 

အစီခံပါနှာခေါင်းစည်းများနှင့်ပိတ်သားနှာခေါင်းစည်းများသည် လုံခြုံမှုမရှိ၍ လေဆိပ်ဝင်းအတွင်းနှင့်လေယာဉ်ပေါ်တွင်တပ်ခွင့်မပြုသည့်အမိန့်တစ်ခုကိုမကြာမီကြေညာသွားမည်ဟု ဆိုသည်။

 

လတ်တလောတွင် ပိတ်သားနှာခေါင်းစည်းများကိုတပ်ခွင့်ပေးထားသော်လည်းမကြာမီပိတ်ပင်သွားမည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS