27 April 2024

ပစ္စည်းကောက်သိမ်းပြီ
.
ဇွန် ၂၁ ရက်၊ ၂၀၂၃
.
ထိုင်းရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ဦးကို အတည်ပြု ကြေညာပြီးတဲ့နောက်မှာ ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ် ကျန်အိုချာ က ဒီကနေ့မနက်ပိုင်းမှာ ထိုင်းအစိုးရအိမ်တော်ကို ရောက်ရှိလာပြီး ပုံမှန်ရုံးတက်နေပေမဲ့ အစိုးရအိမ်တော်ဝင်းအတွင်း တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ Sanook က ဖော်ပြထားပါတယ်။
.
အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချာရဲ့ နောက်လိုက်တွေက ၎င်းရဲ့ကိုယ်ပိုင်အသုံးအဆောင် တချို့ကို ကောက်သိမ်းသွားကြပြီလို့ သိရပြီး ပရာယွတ်ရုံးခန်းထဲမှာ ပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော် တချို့ကိုလည်း ပရာယွတ်ရဲ့နေအိမ်ဆီကို ပင့်ဆောင်သွားကြပြီလို့ သိရပါတယ်။
.
မကြာမီတက်လာမယ့် ဝန်ကြီးချုပ်အသစ်ထံ ရုံးခန်းလွှဲပြောင်းနိုင်ရေးအတွက် အရေးပါတဲ့စာရွက်စာတမ်း တွေထဲက လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပရာယွတ်ရဲ့နေအိမ်ကို ယူဆောင်သွားကြပြီး မလိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးပစ်လိုက်တယ်လို့ သိရပါတယ်။
.
တရားဝင်အစိုးရအဖွဲ့သစ် တက်လာခြင်းမရှိသ၍ ထိုင်းဝန်ကြီးချုပ်တာဝန်ကို ပရာယွတ် ကျန်အိုချာ က ဆက်လက်ထမ်းဆောင်နေရမယ်လို့ သိရပါတယ်။
.
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ လွှတ်တော်ဥက္ကဋ္ဌနေရာ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ အစိုးရအဖွဲ့သစ်ထံအာဏာလွှဲပြောင်းဖို့စီစဉ်ထားတယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ဝိစနု က ဆိုထားပါတယ်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS