3 May 2024

စက်တင်ဘာ ၂ ရက်၊ ၂၀၂၁

 

ရဲမှူးကျို့၏ကွန်ဒိုက်တိုက်ခန်းကိုဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါနှင့်မူးယစ်သုံးပစ္စည်းများတွေ့ရှိ။

 

ထိုင်းဒုရဲချုပ်၏အမိန့်ဖြင့် ယနေ့တွင်နခေါ်စဝမ်မြို့လယ်ခေါင်ရှိရဲမှူးကျို့ငှားရမ်းထားသော အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတစ်ခုကို

ထိုင်းမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှဝင်ရောက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးတချို့နှင့်မူးယစ်သုံးပစ္စည်းတချို့ကိုတွေ့ရှိခဲ့ရသည်ဟု

သိရသည်။

 

အဆိုပါမူးယစ်ဆေးဝါးများ၏အမျိုးအမည်ကိုမသိရသေး၍ ရဲတပ်ဖွဲ့မှသက်သေခံပစ္စည်းအဖြစ်သိမ်းယူထားသည်ဟု ဆိုသည်။

 

ယင်းကွန်ဒိုတိုက်ခန်းသည် ရဲမှုးကျို့ကနေခင်းဘက်တွင်ရေချိုးနားနေရန်ငှားရမ်းထားခြင်းဖြစ်သည်ဟုသိရပြီး ၃၂ စတုရန်းမီတာ

ကျယ်ဝန်းသည့်ယင်းအခန်းထဲတွင် အိပ်ရာခုတင်၊ အဝတ်အစားဗီဒို၊ တီဗီ၊ ပန်ကာ၊ သန့်စင်ခန်း စသည့်အသုံးအဆောင်ပစ္စည်း

များပါဝင်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

SHARE THIS NEWS

OTHER NEWS