6 May 2024

,

ထိုင်းလိဂ်ကွင်းလယ်ဒိုင်တွေရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုအပေါ် ပိုလစ် တေရိုအသင်းတိုက်စစ်မှူး ထီရထစ်ဝိနိုထိုင်း က ပြင်းပြင်းထန်ထန်ဝေဖန်။

အောက်တိုဘာ ၂၃ ရက်နေ့မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းလိဂ် ပွဲစဉ် ၉ ဖြစ်တဲ့ မြောက်တောင် ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုအပေါ် ပိုလစ် တေရိုအသင်းတိုက်စစ်မှူးဝိနိုထိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်မှာကတဆင့် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ယင်းပွဲစဉ်မှာ ပွဲချိန် ၃ မိနစ်မှာတင် ဧည့်သည်အသင်းပိုလစ်တေရိုဘက်က စောစောစီးစီးဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ အသင်းသား ၂ ယောက် အနီကတ်ပေးခံခဲ့ရတာကြောင့် ၉ ယောက်နဲ့ဆက်ကစားခဲ့ရပြီး အိမ်ရှင်အသင်းကို ၂ -၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပါတယ်။

၎င်းပွဲစဉ်နဲ့ပတ်သက်ပြီး “ထိုင်းဘောလုံးလောကဟာတောက်လျှောက်ဆိုသလိုတိုးတက်မှုရှိပါတယ် မတိုးတက်လာတာကတော့အကဲဖြတ်ဒိုင်ပါ ဘောလုံးမှာအနိုင်အရှုံးဆိုတာဖြစ်မြဲဓမ္မတာပါ ဒါပေမဲ့ ကွင်းလယ်ဒိုင်စွမ်းဆောင်ရည်ညံ့ဖျင်းနေရင်တော့ ပျော်ဖို့ကောင်းတဲ့ပွဲစဉ်ဖြစ်လာမှာမဟုတ်ဘူး တခါတရံတော့ဆုံးဖြတ်ချက်လွဲချော်တာရှိနိုင်ပါတယ် ဒါကိုတော့စောဒကမတက်ပါဘူး မယုံကြည်နိုင်လောင်အောင် ထပ်ခါထပ်ခါလွဲချော်နေတာကတော့ မဖြစ်သင့်ဘူးပေါ့ ရှုံးမဲမဲနေတာမဟုတ်ရပါဘူး ပွဲရလဒ်ကိုလက်ခံပြီးသားပါ မရှုံးဖူးတာမှမဟုတ်တာ ဒါပေမဲ့ ထိုင်းအကဲဖြတ်ဒိုင်တွေကိုတိုးတက်မှုရှိစေချင်တယ် လူတော်လူကောင်းတွေရှိကြပါတယ် တချို့ဒိုင်တွေကတော့လုံးဝမနိုင်ဘူး မျက်နှာကြောပါတင်းသေတယ်” ဆိုပြီး ဒုတိယပိုင်းမှာလူစားလဲဝင်ရောက်ကစားခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်ထိုင်းလက်ရွေးသင်တိုက်စစ်မှုးဟောင်းက ရေးသားထားပါတယ်။

ထိုင်းလိဂ်မှာ မြန်မာ့တိုက်စစ်မှုးအောင်သူ စတင်ခြေချခဲ့တဲ့ ပိုလစ် တေရိုအသင်းဟာ ယင်းရှူံးပွဲကြောင့်ပွဲစဉ် ၉ အပြီးမှာ ၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပြီး ၉ မှတ်ရရှိထားတာကြောင့် အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာရပ်တည်နေပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS