26 April 2024

အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ထိုင်းရွေးကော် အတည်ပြုထုတ်ပြန်
.
ဇွန် ၂၀ ရက်၊ ၂၀၂၃
.
လွန်ခဲ့သော မေလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သော ထိုင်းအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်ခုချင်းစီ၌ မဲအနိုင်ရရှိသော အမတ်နေရာ ၄၀၀ နှင့် ပါတီလစ်အမတ်နေရာ ၁၀၀ တို့ကို ထိုင်းရွေး ကောက်ပွဲကော်မရှင်က ယမန်နေ့တွင် အတည်ပြုကြေညာခဲ့သည်။
.
ထိုင်းရွေးကောက်ပွဲကော်မရှင်က ခရိုင် ၇၇ ခုရှိ မဲရုံကော်မတီတစ်ခုချင်းစီ၏အစီရင်ခံစာများကို စစ်ဆေးမှု ပြုခြင်း၊ ပြီးခဲ့သောရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရှိမရှိစစ်ဆေးမှုပြုခြင်း၊ မဲရုံမှူး အသီးသီးက ကန့်ကွက်မှု ရှိမရှိ စစ်ဆေးမှုပြုခြင်း စသည့်လုပ်ငန်းစဉ်များကို စစ်ဆေးဆောင်ရွက်ပြီး နောက်တွင် အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် ရွေးကောက်ပွဲရလဒ်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းရွေးကော်အတွင်းရေးမှူး က ဆိုသည်။
.
အတည်ပြုချက်ရရှိထားသော အောက်လွှတ်တော်အမတ်လောင်းများအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်အထိ ထောက်ခံချက်လက်မှတ် လာရောက်ထုတ်ယူရမည်ဟု ဆိုသည်။
.
မည်သို့ဆိုစေ တိုင်ကြားချက်တစုံတရာ ရှိလာခဲ့လျှင် ထိုင်းရွေးကော်မှနောက်ကြောင်းပြန်စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ပြီး ပြစ်မှုထင်ရှားခဲ့လျှင် အမတ်နေရာမှ ဆိုင်းငံ့ခြင်းနှင့်ဖယ်ရှားခြင်းများကို ပြုလုပ်နိုင်သည်ဟု အတွင်းရေးမှူး က ဆက်လက်ပြောကြားသည်။
.

SHARE THIS NEWS

OTHER NEWS