26 April 2024

လုပ်သားရှားပါးမှုပြဿနာကို အချိန်မီဖြေရှင်းနိုင်ရေးအတွက် လာမည့်ဒီဇင်ဘာ ၁ ရက်နေ့တွင် အလုပ်ခေါ်စာစတင်လက်ခံပြီး အမြန်ဆုံးခေါ်ယူရန် ထိုင်းအလုပ်သမားဝန်ကြီး အတည်ပြု။

 

 

ထိုင်းနိုင်ငံတွင် လုပ်သားရှားပါးမှုပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် အမြန်ဆုံးအမ်အိုယူလုပ်သားခေါ်ယူရန် ထိုင်းဝန်းကြီးချုပ်၏ ညွှန်ကြားချက်ကို ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် ကအတည်ပြုလိုက်ပြီးနောက် လက်ရှိတွင် အမ်အိုယူလုပ်သားခေါ်ယူရန် အသင့်ဖြစ်နေကြောင်း၊ လာမည့်ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ အလုပ်ခေါ်စာ (Demand) စတင်လက်ခံမည်ဖြစ်ကြောင်း၊ ကွာရန်တင်းကုန်ကျစရိတ်ကိုတာဝန်ယူရန်အသင့်ရှိသည့်အလုပ်ရှင်များအနေဖြင့် ချက်ချင်းခေါ်ယူနိုင်ကြောင်း၊ လုပ်သားတစ်ဦးခေါ်ယူရန်ခန့်မှန်းကုန်ကျစရိတ်သည် ဘတ် ၁၁,၄၉၀ မှ ဘတ် ၂၂,၀၄၀ ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့်လုပ်သားများအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှကာကွယ်ဆေးစီစဉ်ပေးပြီး ကွာရန်တင်းနောက်ဆုံးရက်တွင်ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်ကာကွယ်ဆေးကို ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှဆက်လက်ထိုးနှံပေးရန်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

 

အမ်အိုယူလုပ်သားများကို အောက်ပါလုပ်ငန်းစဉ် ၈ ခုဖြင့် ခေါ်ယူသွားမည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ကျ် ချိုတီစထီယန်း ကဆိုသည်။

 

၁။ အလုပ်ရှင်မှစက်ရုံအလုပ်ရုံတည်ရှိသည့် အလုပ်အကိုင်ရှာဖွေရေးရုံးတွင် အလုပ်ခေါ်စာ (Demand)တင်ရန်

 

၂။ ထိုင်းအလုပ်အကိုင်ရှာဖွေရေးရုံးအသီးသီးမှ ထိုင်းနိုင်ငံအခြေစိုက်မြန်မာသံရုံးတွင် အလုပ်ခေါ်စာ ပေးပို့ရန်

 

၃။ မြန်မာအာဏာပိုင်မှ ထိုင်းနိုင်ငံအခြေစိုက်မြန်မာသံရုံးထံမှတဆင့် ထိုင်းအလုပ်အကိုင်ရှာဖွေရေးရုံးထံ လုပ်သားအမည်စာရင်း (Name List) ပြန်လည်ပေးပို့ပြီး ထိုင်းအလုပ်အကိုင်ရှာဖွေရေးရုံးမှထိုင်းအလုပ်ရှင်

ထံဆက်လက်ပေးပို့ရန်

 

၄။ လုပ်သားအမည်စာရင်းရရှိပြီးနောက် အလုပ်ရှင်မှ အောက်ပါအထောက်အထားများဖြင့် လုပ်သား

ကိုယ်စားအလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရန်

၄.၁) လုပ်သားအမည်စာရင်း (Name List)

၄.၂) ဘော်တော်.၃၁ ၊ ဘော်တော်.၃၃ ပုံစံနှင့်လိုအပ်သည့်အထောက်အထားများ

၄.၃) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ့ထားသည့်အထောက်အထား သို့မဟုတ် လွန်ခဲ့သည့် ၃ လအတွင်း

ကိုဗစ်-၁၉ ဖြစ်ဖူးသည့်အထောက်အထား

၄.၄) ကွာရန်တင်းကုန်ကျစရိတ်တာဝန်ယူသည့်အထောက်အထား (ကွာရန်တင်းနေရာခ၊ ကိုဗစ်-၁၉ စစ်ဆေးခ၊ ဆေးကုသခ၊ ကိုဗစ်-၁၉ ကုသခ(ပိုးရှိခဲ့လျှင်) အရေးပေါ်နာမကျန်းဖြစ်ခြင်းနှင့်ကွာရန်တင်း

ဝင်နေစဉ်အခြားရောဂါများခံစားရခြင်း/ကိုဗစ်-၁၉ ကုသခအကာအကွယ်ပေးသည့်အာမခံပေါ်လစီ)

၄.၅) အစိုးရသတ်မှတ်ထားသည့်စံညွှန်းနှင့်ကိုက်ညီသည့်ကွာရန်တင်းစင်တာရှိကြောင်း အထောက်

အထား

၄.၆) လုပ်သားများကိုကွာရန်တင်းစင်တာသို့ပို့ဆောင်မည့်မော်တော်ယာဉ်ရှိကြောင်းအထောက်အထား

၄.၇) ပရကန်စန်းခွမ်ဝင်မည်ဆိုလျှင် အာမခံကုမ္ပဏီထံအာမခံ ၄ လဝယ်ယူရန်

၄.၈) ပရကန်စန်းခွမ်ဝင်မည်ဆိုလျှင် ပရကန်စန်းခွမ်စာရင်းတင်ရန်

– အလုပ်လုပ်ကိုင်ခွင့်ခ (၂ နှစ်) ၁,၉၀၀ ဘတ်

– အာမခံငွေပေးသွင်း (အလုပ်ရှင်ကိုယ်တိုင်ခေါ်ယူလျှင်) လုပ်သား ၁ ဦး ၁,၀၀၀ ဘတ်

 

၅။ (Non – Immigrant L-A) ထုတ်ပေးရန်အတွက် ထိုင်းအလုပ်အကိုင်ရှာဖွေရေးရုံးမှ မြန်မာနိုင်ငံ အခြေစိုက်ထိုင်းသံရုံးနှင့်ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးထံ လုပ်သားအမည်စာရင်းပေးပို့ရန်

 

၆။ ထိုင်းနိုင်ငံသို့လုပ်သာများဝင်ရောက်လာသည့်အခါ လာရောက်လုပ်ကိုင်ခွင့်အထောက်အထားပြရန်၊ ၇၂ နာရီအတွင်း RT-PCR နှင့် ATK စနစ်ဖြင့်စစ်ဆေးထားသည့်ကိုဗစ်-၁၉ ကင်းစင်ကြောင်းအထောက်အထားပြန်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့်အထောက်အထား သို့မဟုတ် လွန်ခဲ့သည့် ၃ လအတွင်းကိုဗစ်-၁၉ ဖြစ်ဖူးသည့်အထောက်အထားပြရန်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှ နေထိုင်ခွင့်ဗီဇာ ၂ နှစ်ထုတ်ပေးရန်၊ ထို့နောက် အလုပ်ရှင်စီစဉ်ပေးထားသည့်မော်တော်ယာဉ်ဖြင့် ကွာရန်တင်းစင်တာသို့ပို့ဆောင်ရန် (တပါးသူများနှင့်အတူသွားခြင်းနှင့်လမ်းခုလတ်တွင်ဝင်နားခြင်းမပြုရန်)

 

၇။ လုပ်သားကိုတားမြစ်ရောဂါ ၆ မျိုးစစ်ဆေးရန်၊ ရောဂါတွေ့ရှိလျှင်ထိုင်းဉပဒေအရအလုပ်လုပ်ကိုင်ခွင့်မရှိ၍နေရပ်ပြန်ပို့ရန်၊ ရောဂါမရှိလျှင်ကွာရန်တင်းစတင်ဝင်ပြီး RT – PCR စနစ်ဖြင့်ကိုဗစ်-၁၉ စစ်ဆေးရန်

၇.၁) နေရပ်နိုင်ငံတွင်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသောလုပ်သားများ တားမြစ်ရောဂါ ၆ မျိုးစစ်

ဆေးပြီး ဆေးအောင်လျှင်အနည်းဆုံး ၇ ရက်ကွာရန်တင်းဝင်ရရန်နှင့်ကိုဗစ်-၁၉ နှစ်ကြိမ်စစ်ဆေးရန်

၇.၂) ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးသည့်လုပ်သားနှင့်အကြိမ်ရေမပြည့်သေးသည့်လုပ်သားများတားမြစ်ရောဂါ ၆ မျိုးစစ်ဆေးပြီး ဆေးအောင်လျှင် အနည်ဆုံး ၁၄ ရက်ကွာရန်တင်းဝင်ရန်၊ ကိုဗစ်-၁၉ နှစ်ကြိမ်စစ်ဆေးရန်၊ ပိုးတွေ့ရှိလျှင် အလုပ်ရှင်သို့မဟုတ် အလုပ်ရှင်မှကျန်မာရေးအာမခံဝယ်ယူထားသည့်အာမခံကုမ္ပဏီမှဆေးကုသပေးရန်၊ ထို့နောက် ရောဂါပိုးကင်စင်သွားလျှင် ကာကွယ်ဆေးထိုးနှံ ပေးပြီး စက်ရုံအလုပ်ရုံသို့ခေါ်ဆောင်သွားရန်

 

၈။ လုပ်သားများအား Video Conference မှတဆင့် စက်ရုံအလုပ်ရုံတွင် သင်တန်းပို့ချပေးရန်၊ ထို့နောက်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်လက်ခံရယူရန်၊ အလုပ်လုပ်ကိုင်ခွင့်သည် ဗီဇာထုတ်ပေးသည့်နေ့မှစတင်အကျုံးဝင်ရန်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS