10 May 2024

ထိုင်းတွင်အဖမ်းခံထားရသော မြန်မာလူငယ်များ ရဲစခန်းမှ ထွက်ပြေး
.
ဇွန် ၂ ၈ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံတောင်ပိုင်းက ဆုန်ခလာခရိုင်မှာ တရားမဝင်ပြည်ဝင်မှုနဲ့ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၁၃ ဦးဟာ သူတို့ကိုဖမ်းထားတဲ့ ဒေသန္တရရဲစခန်းကနေ ထွက်ပြေးမှုဖြစ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေပါတယ်။
.
အဲဒီလူငယ်တွေဟာ ဆုန်ခလာခရိုင်ထဲက ရတ်တဖူမြို့နယ်ရဲစခန်းမှာ အခုလဆန်းပိုင်းကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး ဇွန်လ ၂၅ ရက်မှာ စခန်းကနေ ထွက်ပြေးခဲ့ကြတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
.
လက်ရှိမှာ လူငယ်တစ်ဦးကို ရဲက ဖမ်းမိထားပြီး ကျန်တဲ့ ၁၂ ဦးကို ဆက်ပြီး ရှာဖွေနေပါတယ်။
.
ဆူရတ်ဌာနီခရိုင်ကနေ ထိုင်းနိုင်ငံတောင်ပိုင်း၊ အဲဒီကနေ မလေးရှားကို အလုပ်လုပ်ဖို့ အိမ်စီးကားတစ်စီး တည်းမှာ စုပြုံလိုက်လာကြတဲ့ ဒီလူငယ်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ရတ်တဖူမြို့နယ်ထဲ က ခူဟာလမ်းဆုံမှာ ဖမ်းမိခဲ့တာပါ။
.
သူတို့တစ်ယောက်ကို ပို့ခ ထိုင်းဘတ် ၂၅၀၀ ယူပြီး လိုက်ပို့တဲ့ ထိုင်းနိုင်ငံသားယာဥ်မောင်းလည်း အဖမ်းခံထားရပါတယ်။
.
မူရင်း : BBC Burmese
.

SHARE THIS NEWS

OTHER NEWS