26 April 2024

နိမ်းလစ်ကိုင်ဆောင်ထားသူများ ရက် ၃၀ အတွင်း ပရကန်စန်းခွမ် တင်ရမည်
.
ဩဂုတ် ၁၅ ရက်၊ ၂၀၂၃
.
၅-၇-၂၀၂၃ ရက်နေ့ ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ လူသစ်ဘတ်ရိုက်ရန် (လုပ်သားမှတ်ပုံတင်ရန်) အတွက် နိမ်းလစ်တင်ထားသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားများအား ထိုင်းနိုင်ငံ၏
၁၉၉၀ ခုနှစ် လူမှုဖူလုံရေးအာမခံထားသူ (ပရကန်စန်းခွမ်) အက်ဥပဒေအရ ရက် ၃၀ အတွင်း ပရကန်စန်းခွမ် တင်ရမည်ဟု ထိုင်းလူမှုဖူလုံရေးညွှန်ကြားရေးမှူးရုံးက ၁၁-၈-၂၀၂၃ ရက်စွဲဖြင့် ထုတ်ပြန်ညွှန်ကြားထားသည်။
.
ပရကန်စန်းခွမ်တင်ရာတွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ ထုတ်ပေးထားသော အထောက်အထား (နိမ်းလစ်စာရွက်) ဖြင့် တင်ရမည်ဟု ဖော်ပြထားသည်။
.
ယခင်က ပရကန်စန်းခွမ် ပေးသွင်းဖူးသူဖြစ်ခဲ့လျှင် ခံစားခွင့်ပြတ်တောက်မသွားစေရေးအတွက် ယခင်အထောက် အထားဟောင်းတစုံတရာ (နိုင်ငံကူးလက်မှတ်ဖြစ်စေ၊ နိုင်ငံကူးလက်မှတ်နှင့်သဘောတရားခြင်းဆင်တူသော အထောက်အထားတစုံတရာဖြစ်စေ၊ ပန်းရောင်ဘတ်ကတ်ဖြစ်စေ၊ ပရကန်စန်းခွမ်ကတ်ပြားဟောင်းဖြစ်စေ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်-ဝေါပါမစ်ဖြစ်စေ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်-ဝေါပါမစ်လျှောက်ထားသည့်ပုံစံ ဖြစ်စေ) နှင့်တကွ လူမှုဖူလုံရေးအာမခံထားသူ အချက်အလက်ပြင်ဆင်ခြင်းပုံစံ (สปส. ๖-๑๐) တို့ကို ပူးတွဲ၍ တင်ရမည်ဟု ညွှန်ကြားထားသည်။
.
ပရကန်စန်းခွမ် စတင်၍ တင်သွင်းရမည့်ကာလနှင့်ပတ်သက်ပြီး ဤကြေညာချက် အာဏာတည်သည့်နေ့မှစ၍ ရက် ၃၀ အတွင်း တင်ရမည်ဟု သတ်မှတ်ထားသည်။
.
ဤကြေညာချက်သည် စတင်ကြေညာသည့်နေ့ (၁၁-၈-၂၀၂၃ )တွင် အာဏာတည်သည်ဟု ဖော်ပြထားသည်။
.
ပုံစာ : မဟာချိုင်းစီအိုင်ရုံးတွင် ထိုင်းရောက်မြန်မာများ တန်းစီနေစဉ်
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS